ကယားပြည်နယ်တွင် ရာသီတုပ်ကွေးလူနာ(၈)ဦးထိရှိနေပြီး သံသယလူနာ (၁)ဦးအား ဓါတ်ခွဲဌာန စစ်ဆေးနေ
ကယားပြည်နယ်တွင် ရာသီတုပ်ကွေးလူနာ(၈)ဦးထိရှိနေပြီး သံသယလူနာ (၁)ဦးအား ဓါတ်ခွဲဌာန စစ်ဆေးနေ
ဇူလိုငျ 27, 2019
By Tachileik News Agency
အတည်ပြုလူနာ (၈)ဦးအနက် လက်ရှိကုသမှုဆက်လက်ခံယူနေသူမှာ (၂)ဦးသာကျန်ပြီး ကျန်လူနာများမှာ ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်း သိရသည်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါမပြန့်ပွားစေရေးအတွက် စနစ်တကျ အစီအမံများ ချမှတ်လုပ်ဆောင်နေသည့်အပြင် လွိုင်က်ာမြို့ပေါ် ရှိ လူနေထူထပ်သော ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်များအား ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဇူလိုင်လ (၂၅) ရက်နေ့က H1N1 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
 ရာသီတုပ်ကွေးရောဂါ H1N1  ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားသောနေရာများ၊ ဈေးများ ၊ ကားဂိတ်၊ လေဆိပ်များတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဖြန့်ဝေပေးနေကြသည်။
ရာသီတုပ်ကွေးရောဂါမှာ အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိဖြစ်ပွားနိုင်၍ ရာသီတုပ်ကွေး H1N1 လက္ခဏာများဖြစ်သည့် အပူချိန်  (၃၈) ဒီကရီစင်တီဂရိတ်နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွေခြင်းများ ဖြစ်ပွားပါက နီးစပ်ရာဆေးဆိုင်ဆေးခန်းများတွင် ကုသခြင်းမပြုဘဲ ဆေးရုံကြီးသို့ အမြန်ဆုံးလာရောက် စစ်ဆေးကုသရန် ဆရာဝန်များက တိုက်တွန်းထားသည်။
Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေး(H1N1) အတည်ပြုလူနာမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့အထိ စုစုပေါင်း(၈) ဦးရှိသွားပြီဖြစ်ပြီး သံသယလူနာ (၁)ဦးမှာ ဓာတ်ခွဲဌာနမှ အဖြေစောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
" အခုအဖြေထွက်ပြီးသေချာတာက (၈)ယောက်ရယ် အခု သံသယလူနာ (၁)ယောက်ထပ် တင်ထားတယ်။ အဖြေမရသေးဘူး။ ဒေါဥခူရပ်ကွက်က ကလေးပါ။ ယောကျာ်းလေး အသက် (၇)နှစ်ပါ။ အခုချိန်ထိတော့ စိုးရိမ်ရတဲ့ လူနာ မရှိပါဘူး"ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးမှ ကယားပြည်နယ် ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေသည့် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှ အတည်ပြုလူနာ(၈)ဦးနှင့် သံသယလူနာ(၁)ဦးတို့တွင် ကလေးအများစုဖြစ်ပြီး လူကြီး(၁)ဦးသာပါဝင်ကြောင်း သိရသည်။
အတည်ပြုလူနာ (၈)ဦးအနက် လက်ရှိကုသမှုဆက်လက်ခံယူနေသူမှာ (၂)ဦးသာကျန်ပြီး ကျန်လူနာများမှာ ပြန်လည်ကျန်းမာနပြေီဖြစ်ကြောင်း သိရသည်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါမပြန့်ပွားစေရေးအတွက် စနစ်တကျ အစီအမံများ ချမှတ်လုပ်ဆောင်နေသည့်အပြင် လွိုင်ကာ်မြို့ပေါ် ရှိ လူနေထူထပ်သော ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်များအား ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဇူလိုင်လ (၂၅) ရက်နေ့က H1N1 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စတင်လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။
 ရာသီတုပ်ကွေးရောဂါ H1N1 ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားသောနေရာများ၊ ဈေးများ၊ ကားဂိတ်၊ လေဆိပ်များတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဖြန့်ဝေပေးနကြေသည်။
ရာသီတုပ်ကွေးရောဂါမှာ အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိဖြစ်ပွားနိုင်၍ ရာသီတုပ်ကွေး H1N1 လက္ခဏာများဖြစ်သည့် အပူချိန် (၃၈) ဒီကရီစင်တီဂရိတ်နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချခြေင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးခွခြေင်းများ ဖြစ်ပွားပါက နီးစပ်ရာဆေးဆိုင်ဆေးခန်းများတွင် ကုသခြင်းမပြုဘဲ ဆေးရုံကြီးသို့ အမြန်ဆုံးလာရောက် စစ်ဆေးကုသရန် ဆရာဝန်များက တိုက်တွန်းထားသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net