ေနာင္ခ်ိဳ - ေက်ာက္မဲၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္အတြက္ ေျမယာေလ်ာ္ေၾကးေပးရန္ တစ္ဦးသာ က်န္

ေနာင္ခ်ိဳ - ေက်ာက္မဲၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္အတြက္ ေျမယာေလ်ာ္ေၾကးေပးရန္ တစ္ဦးသာ က်န္
ဇူလိုင် 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) ေနာင္ခ်ိဳ - ေက်ာက္မဲ ၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္အတြက္ ေတာင္သူ (၃၄၉) ဦးကို ေျမယာေလ်ာ္ေၾကးေပးအပ္ရမည္ျဖစ္ရာ ေျမယာပိုင္ဆုိင္မႈအျငင္းပြားေနသည့္ ေတာင္သူ (၁)ဦးမွလြဲ၍ က်န္ေတာင္သူအားလံုးကို ေျမယာေလ်ာ္ေၾကးေပးအပ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳ - ေက်ာက္မဲ ၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္တည္ေဆာက္ျခင္းကို (၃)ႏွစ္ခြဲဝန္းက်င္ ၾကာျမင့္မည္ျဖစ္ၿပီး အဆိုပါလမ္းပိုင္းကို B.O.T လုပ္ကိုင္ခြင့္ရထားသည့္  Oriental Highway Co.ltd က ၂၀၁၇ ခုႏွစ္ကတည္းက စတင္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

"ေျမယာေလ်ာ္ေၾကးေပးဖို႔အတြက္က ေတာင္သူတစ္ဦးပဲက်န္ေတာ့တယ္။ အဲဒီတစ္ဦးကလည္း သူေလ်ာ္ေၾကး ရမယ့္ေျမအတြက္ ပိုင္ဆိုင္မႈအျငင္းပြားေနလို႔ တရားရံုးက အဆံုးအျဖတ္ရၿပီးမွ အဲဒီေလ်ာ္ေၾကးကိစၥက ၿပီးျပတ္ မွာျဖစ္ပါတယ္။ တံတားသစ္အတြက္ က်န္တဲ့အပိုင္းေတြကေတာ့ သက္ဆိုင္ရာဌာနေတြဆီက ခြင့္ျပဳခ်က္ ေစာင့္ဆိုင္းေနရတာပဲရွိေတာ့တယ္" ဟု ဂုတ္တြင္းတံတားသစ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းအား တာဝန္ယူထားသည့္ Oriental Highway Co.ltd မွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ( ၇၂/ ၅ ) မွ ( ၉၂ / ၅ )အနီးအထိ တံတားႏွင့္လမ္းအရွည္ စုစုေပါင္း ( ၂၁.၀၆ ) ကီလိုမီတာရွည္လ်ားမည္ျဖစ္ကာ တံတားခံႏိုင္ဝန္ တန္ (၁၀၀) ခန္႔ရွိသည့္ သံကူကြန္ကရစ္တံတား တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္း၊တံတားစီမံကန္း နယ္နိမိတ္အတြင္းပါဝင္ေနသည့္ လမ္းေျမႏွင့္ လယ္ေျမ၊ ယာေျမမ်ား ခြဲျခား ကန္႔သတ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၂) ရက္ေန႔က သက္ဆုိင္ရတာဝန္ရိွသူမ်ားႏွင့္အတူ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္
ပံုအညႊန္း - ဂုတ္တြင္းတံတားသစ္ပံုစံ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) နောင်ချို - ကျောက်မဲ မြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်အတွက် တောင်သူ (၃၄၉) ဦးကို မြေယာလျော်ကြေးပေးအပ်ရမည်ဖြစ်ရာ မြေယာပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်သူ (၁)ဦးမှလွဲ၍ ကျန်တောင်သူအားလုံးကို မြေယာလျော်ကြေးပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

နောင်ချို - ကျောက်မဲ မြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်တည်ဆောက်ခြင်းကို (၃)နှစ်ခွဲဝန်းကျင် ကြာမြင့်မည်ဖြစ်ပြီး အဆိုပါလမ်းပိုင်းကို B.O.T လုပ်ကိုင်ခွင့်ရထားသည့် Oriental Highway Co.ltd က ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နခြေင်းဖြစ်သည်။

"မြေယာလျော်ကြေးပေးဖို့အတွက်က တောင်သူတစ်ဦးပဲကျန်တော့တယ်။ အဲဒီတစ်ဦးကလည်း သူလျော်ကြေး ရမယ့်မြေအတွက် ပိုင်ဆိုင်မှုအငြင်းပွားနေလို့ တရားရုံးက အဆုံးအဖြတ်ရပြီးမှ အဲဒီလျော်ကြေးကိစ္စက ပြီးပြတ် မှာဖြစ်ပါတယ်။ တံတားသစ်အတွက် ကျန်တဲ့အပိုင်းတွေကတော့ သက်ဆိုင်ရာဌာနတွေဆီက ခွင့်ပြုချက် စောင့်ဆိုင်းနေရတာပဲရှိတော့တယ်" ဟု ဂုတ်တွင်းတံတားသစ်နှင့် နောင်ချိုမြို့ရှောင်လမ်းအား တာဝန်ယူထားသည့် Oriental Highway Co.ltd မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ( ၇၂/ ၅ ) မှ ( ၉၂ / ၅ )အနီးအထိ တံတားနှင့်လမ်းအရှည် စုစုပေါင်း ( ၂၁.ဝ၆ ) ကီလိုမီတာရှည်လျားမည်ဖြစ်ကာ တံတားခံနိုင်ဝန် တန် (၁၀၀) ခန့်ရှိသည့် သံကူကွန်ကရစ်တံတား တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်း၊တံတားစီမံကန်း နယ်နိမိတ်အတွင်းပါဝင်နေသည့် လမ်းမြေနှင့် လယ်မြေ၊ ယာမြေများ ခွဲခြား ကန့်သတ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့က သက်ဆိုင်ရတာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်

ပုံအညွှန်း - ဂုတ်တွင်းတံတားသစ်ပုံစံ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net