မုံးကိုး၊ မူပန်နှင့် ကိုးကန့်ခရိုင်တို့တွင် ကိုးကန့် MNDAA ၊ KIA တို့ ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွား

မုံးကိုး၊ မူပန်နှင့် ကိုးကန့်ခရိုင်တို့တွင် ကိုးကန့် MNDAA ၊ KIA တို့ ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွား

 အထူးဒေသ(၁)မုံးကိုးခရိုင် ၊ မူပန်ခရိုင်နှင့် ကိုးကန့်ခရိုင်တို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့ တစ်နေ့တာအတွင်း အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA၊ KIA တို့ကြား တိုက်ပွဲ(၆)ကြိမ်ဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က ကိုးကန့် MNDAA ၏ ချင်ချိုင့်ထန်တပ်စခန်းကို (၃) ကြိမ်တိတိထိုးစစ်ဆင်ခဲ့သည့်အပြင် ရှိကျိကျတောင်တန်းနှင့် ပန်ရှိတိုက်တပ်စခန်းတို့ဘက်ကိုလည်း လက်နက်ကြီးဖြင့် အချက်ပေါင်း (၈၀) ကျော်ပစ်ခတ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA တို့သည် မုံးကိုးခရိုင်၊ ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်တို့အတွင်း ယမန်နေ့က တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားကာ မူပန်ခရိုင်တွင် အာဏာသိမ်းစစ်တပ်နှင့် ကိုးကန့် MNDAA၊ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ (၁) ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 မုံးကိုးခရိုင် ချင်ချိုင့်ထန်ရွာတိုက်ပွဲတွင် MNDAA က အာဏာသိမ်းတပ်ကို ပန်လုံတောင်တန်းအထိ နောက်ပြန်ဆုတ်သွားရန် တိုက်ထုတ်နိုင်ခဲ့ပြီး မုံကိုးခရိုင်အတွင်း မန်ကျရန်ကျိ၊ ပန်ဆာ၊ ရိနိုင်တို့တွင်လည်းကောာင်း ကိုးကန့်ခရိုင်အတွင်း ရှင်ဝမ့်ဒေသ လန်ဖီလင်ကျေးရွာအုပ်စု မန်ကန်ကျေးရွာတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ယင်းအပြင် အာဏာသိမ်းတပ်သည် မူပန်ခရိုင် ဖင်ကော်အနောက်ဘက်တောင်တန်းတွင် MNDAA နှင့် KIA ပူးပေါင်းအဖွဲ့တို့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။