ထိုင္းႏိုင္ငံ ဘန္မႏြိဳင္းဆိြဳင္းဒုကၡသည္စခန္းမွ ေနရပ္ျပန္လိုသူ ျမန္မာႏုိင္ငံသား (၃၂)ဦး ကယာျပည္နယ္ BP13 ဂိတ္မွ ၀င္ေရာက္

ထိုင္းႏိုင္ငံ ဘန္မႏြိဳင္းဆိြဳင္းဒုကၡသည္စခန္းမွ ေနရပ္ျပန္လိုသူ ျမန္မာႏုိင္ငံသား (၃၂)ဦး ကယာျပည္နယ္ BP13 ဂိတ္မွ ၀င္ေရာက္
ဇူလိုင် 2, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံ ဘန္မႏိြဳင္းဆိြဳင္း ဒုကၡသည္စခန္းမွ ဆႏၵအေလ်ာက္ ေနရပ္ျပန္လိုသူ ျမန္မာႏိုင္ငံသား (၃၂)ဦးအား ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ကယားျပည္နယ္ မယ္စဲ့ၿမိဳ႕ရွိ BP-13 ဂိတ္မွ တဆင့္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၂)ရက္ေန႔ ေန႔လည္ပိုင္းက ျပန္လည္၀င္ေရာက္လာခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ဘန္မႏြိဳင္းဆြိဳင္း ဒုကၡသည္စခန္းမွ ဆႏၵအေလ်ာက္ေနရပ္ ျပန္လာသူ (၃၂)ဦးတြင္ ကယားျပည္နယ္ မွ(၂၃)ဦး ႏွင့္ ရွမ္းျပည္နယ္မွ (၉)ဦးတို႔ျဖစ္ၿပီး ၎တို႔အား ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ဦးေဆာင္ကာ ႀကိဳဆို လက္ခံခဲ့ေၾကာင္း သိရသည္။

ေနရပ္ျပန္လည္ဝင္ေရာက္လာသူမ်ားအား ကယားျပည္နယ္အစိုးရအဖြဲ႕မွ မိသားစု (၃)ဦးပါ အိမ္ေထာင္စု (၁)စုလွ်င္ ဆန္(၁၀)ျပည္အိတ္ (၁)အိတ္ႏွင့္ ဆီ(၂)ပိႆာ၊ (၃)ဦးအထက္ အိမ္ေထာင္စု (၁)စုလွ်င္ ဆန္(၁၀)ျပည္ အိတ္(၂)အိတ္ႏွင့္ ဆီ(၃)ပိႆာ၊ ေရသန႔္ဗူးမ်ား ၊ သဘာဝေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနမွ ကယ္ဆယ္ေရး ပစၥည္း (၉)မ်ိဳး၊ ဆန္ရိကၡာ၊ ခရီးစရိတ္ႏွင့္ ေထာက္ပံ့ေငြမ်ား ႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဌာနမွ တစ္ဦးလွ်င္ ေငြက်ပ္(၁၈၆၀၀)ႏႈန္း ျဖင့္ (၃၂)ဦး အတြက္ ေငြက်ပ္စုစုေပါင္း (၅၉၅,၂၀၀)တို႔ အား ေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။

ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္လာသူ ၎တို႔အား ႏိုင္ငံသား စိစစ္ျခင္းႏွင့္  အိမ္ေထာင္စု လူဦးေရစာရင္းႏွင့္ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမ်ား ထုတ္ေပးျခင္း ၊ ပညာေရးႏွင့္ က်န္းမာေရးဆိုင္ရာ ေစာင့္ေရွာက္ မႈေပးျခင္း၊ စားနပ္ရိကၡာပစၥည္းမ်ား ေထာက္ပံ့ေပးျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိ ေစေရး ၊ေနအိမ္ အေဆာက္အအုံမ်ားအတြက္ က႑အလိုက္ ဆက္လက္၍  စီမံေဆာင္႐ြက္ ေပးသြားမည္ ျဖစ္ေၾကာင္း ကယားျပည္နယ္အစိုးရမွ သတင္းထုတ္ျပန္ထားရွိသည္။

ထိုင္းႏိုင္ငံ ျမန္မာဒုကၡသည္စခန္းမွ ဆႏၵအေလွ်ာက္ ေနရပ္သို႔ ျပန္လည္ဝင္ေရာက္လာရာတြင္ ကယားျပည္နယ္ မယ္စဲ႔ၿမိဳ႕ BP-13 နယ္စပ္ဂိတ္မွ ပထမဆုံးအႀကိမ္အျဖစ္ ၿပီးခဲ့သည့္  ၂၀၁၈ ခုႏွစ္က (၂၀)ဦး ၊ ဒုတိယအႀကိမ္အျဖစ္  ၂၀၁၉ ခုႏွစ္တြင္ ေဖေဖာ္ဝါရီလက (၅၉)ဦး ႏွင့္ ယခု တတိယအႀကိမ္အျဖစ္  (၃၂)ဦးအား လက္ခံ ႀကိဳဆိုခဲ့ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖုိးထြန္း
ဓါတ္ပံု - ကယားျပည္နယ္အစိုးရအဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ ဘန်မနွိုင်းဆွိုင်း ဒုက္ခသည်စခန်းမှ ဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား (၃၂)ဦးအား မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ကယားပြည်နယ် မယ်စဲ့မြို့ရှိ BP-13 ဂိတ်မှ တဆင့် ၂၀၁၉ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ နေ့လည်ပိုင်းက ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်မနွိုင်းဆွိုင်း ဒုက္ခသည်စခန်းမှ ဆန္ဒအလျောက်နေရပ် ပြန်လာသူ (၃၂)ဦးတွင် ကယားပြည်နယ် မှ(၂၃)ဦး နှင့် ရှမ်းပြည်နယ်မှ (၉)ဦးတို့ဖြစ်ပြီး၎င်းတို့အား ကယားပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်ကာ ကြိုဆို လက်ခံခဲ့ကြောင်း သိရသည်။

နေရပ်ပြန်လည်ဝင်ရောက်လာသူများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ မိသားစု (၃)ဦးပါ အိမ်ထောင်စု (၁)စုလျှင် ဆန်(၁၀)ပြည်အိတ် (၁)အိတ်နှင့် ဆီ(၂)ပိဿါ၊ (၃)ဦးအထက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၁၀)ပြည် အိတ်(၂)အိတ်နှင့် ဆီ(၃)ပိဿါ၊ ရေသန့်ဗူးများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခါ၊ ခရီးစရိတ်နှင့် ထောက်ပံ့ငွေများ နှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တစ်ဦးလျှင် ငွေကျပ်(၁၈၆၀၀)နှုန်း ဖြင့် (၃၂)ဦး အတွက် ငွေကျပ်စုစုပေါင်း (၅၉၅,၂၀၀)တို့ အား ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 ျပည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ၎င်းတို့အား နိုင်ငံသား စိစစ်ခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက် မှုပေးခြင်း၊ စားနပ်ရိက္ခါပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရေး၊နေအိမ် အဆောက်အအုံများအတွက် ကဏ္ဍအလိုက် ဆက်လက်၍ စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားရှိသည်။

ထိုင်းနိုင်ငံ မြန်မာဒုက္ခသည်စခန်းမှ ဆန္ဒအလျှောက် နေရပ်သို့ ပြန်လည်ဝင်ရောက်လာရာတွင် ကယားပြည်နယ် မယ်စဲ့မြို့ BP-13 နယ်စပ်ဂိတ်မှ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က (၂၀)ဦး၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်တွင် ဖေဖော်ဝါရီလက (၅၉)ဦး နှင့် ယခု တတိယအကြိမ်အဖြစ် (၃၂)ဦးအား လက်ခံ ကြိုဆိုခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net