ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို  PDF နှင့် Burma Ranger (Karenni)အဖွဲ့ ပူးပေါင်း တိုက်ခိုက်

ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို  PDF နှင့် Burma Ranger (Karenni)အဖွဲ့ ပူးပေါင်း တိုက်ခိုက်
မေ 22, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊  ဒီမော့ဆိုမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရသည့် စစ်ကောင်စီ၏  ဒေါတဝီဂိတ်စခန်းအား သိမ်းပိုက်မှုအတွင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်  Burma Ranger (Karenni) အဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် Burma Ranger (Karenni)အဖွဲ့တို့ ပူးပေါင်း၍ ညနေ (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ တပ်ချထားသည့် ဒေါတဝီဂိတ်စခန်းအား တိုက်ခိုက်ရန် လုပ်ဆောင်စဥ် စစ်ကောင်စီ တပ်ဖွဲ့များ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဂိတ်စခန်းအား သိမ်းယူရန် မေလ (၂၁) ရက်နေ့ ညပိုင်းကတည်းက ပစ်ခက်တိုက်ခိုက်မှုများ လုပ်​ဆောင်ခဲ့ပြီး ယနေ့ မေလ ၂၂ ရက်နေ့ ညနေပိုင်းတွင် အထိအခိုက်အကျအဆုံးမရှိဘဲ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒီမော့ဆိုမြို့နယ်အတွင်း ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်  Burma Ranger (Karenni) အဖွဲ့တို့က နှစ်ရက်တာအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ဂိတ်စခန်း (၃)ခုကို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်သည်။



Photo: Burma Ranger (Karenni)