ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္မႈေၾကာင့္ ဖမ္းဆီးခံရသူ အပါအ၀င္ (၁၁)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏိုင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္မႈေၾကာင့္ ဖမ္းဆီးခံရသူ အပါအ၀င္ (၁၁)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
ဇူလိုင် 1, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁)ရက္ေန႔ နံနက္ပိုင္းက စုစုေပါင္း (၁၁)ဦးကို လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ (၁၁)ဦးသည္ အမ်ဳိးသား(၁၁)ဦးျဖစ္ၿပီး ၎တို႔သည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ (၇)ဦး ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၄)ဦး ပါ၀င္ေၾကာင္းႏွင့္ နယ္စပ္ျဖတ္သန္းလက္မွတ္၏ သတ္မွတ္ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင့္ ဖမ္းခံရသူ (၁၀)ဦး ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တာ၀န္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

ထိုင္းႏိုင္ငံတြင္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာေရြ႕ေျပာင္းလုပ္သားအား ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇူလိုင္လ(၁)ရက္ေန႔အထိ လႊဲေျပာင္းေပးလာရာ အမ်ိဳးသား (၇၁၀) ဦး ႏွင့္  အမ်ိဳးသမီး (၃၆၁) ဦး အျပင္ကေလး (၃၆) ဦး စုစုေပါင္း (၁၁၀၇) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား အရေးယူပြီးနောက် တာချီလိတ်သို့ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက စုစုပေါင်း (၁၁)ဦးကို လွှဲပြောင်းပေးလာကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် (၁၁)ဦးသည် အမျိုးသား(၁၁)ဦးဖြစ်ပြီး၎င်းတို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၇)ဦး နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၄)ဦး ပါဝင်ကြောင်းနှင့် နယ်စပ်ဖြတ်သန်းလက်မှတ်၏ သတ်မှတ် နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းခံရသူ (၁၀)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိူးမျိူးကြောင့် ဖမ်းဆီးခံရသည့် မြန်မာရွေ့ပြောင်းလုပ်သားအား ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ လွှဲပြောင်းပေးလာရာ အမျိုးသား (၇၁၀) ဦး နှင့် အမျိုးသမီး (၃၆၁) ဦး အပြင်ကလေး (၃၆) ဦး စုစုပေါင်း (၁၁၀၇) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net