တပ္မေတာ္စစ္ေၾကာင္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း လွ်ဳိထဲက စိတ္ၾကြေဆးျပား (၂၆)သိန္းေက်ာ္ ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ၍ မူးယစ္ထံ လႊဲေျပာင္းေပးထား

တပ္မေတာ္စစ္ေၾကာင္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း လွ်ဳိထဲက စိတ္ၾကြေဆးျပား (၂၆)သိန္းေက်ာ္ ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ၍ မူးယစ္ထံ လႊဲေျပာင္းေပးထား
ဇွန် 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပား (၂၆)သိန္းေက်ာ္၊ ဘိန္းျဖဴ၊ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားအား ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၅)ရက္ေန႔ ညေနပိုင္းက တပ္မေတာ္က  ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ၍ မူးယစ္ရဲတပ္ဖြဲ႔ထံ အပ္ႏွံေပးထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ ႏွင့္ မိုင္းဆတ္ခရိုင္အၾကား စစ္ေၾကာင္းမ်ားခြဲ၍ ေဒသလံုၿခံဳေရး ႏွင့္ နယ္ေျမရွင္းလင္းေရးျပဳလုပ္ေနသည့္ တပ္မေတာ္က ဇြန္လ(၁၅)ရက္ေန႔ ညေနပိုင္းက စိတ္ၾကြေဆးျပား (၂၆၉၀,၀၀၀)ျပား၊ ဘိန္းျဖဴ (၁)ကီလိုဂရမ္ခန္႔၊ ကဖင္း (၁၀၅၀)ကီလိုႏွင့္ မူးယစ္ေဆးထုတ္လုပ္သည့္ စက္ပစၥည္းမ်ား၊ ကုန္ၾကမ္းပစၥည္းအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း ႏွင့္ သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားကို တပ္မေတာ္က မူးယစ္တပ္္ဖြဲ႔စု(၃၀)တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးထားေၾကာင္း ႏွင့္ မူးယစ္တပ္ဖြဲ႔မွ ေရတြက္ေနလ်က္ရွိေၾကာင္း သိရသည္။

တပ္မေတာ္က လႊဲေျပာင္းေပးလာသည့္ မူးယစ္ေဆး၀ါးမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား လက္ရွိအခ်ိန္အထိ မူးယစ္ရဲတပ္ဖြဲ႔က ေရတြက္ေနလ်က္ရွိေၾကာင္း သိရသည္။

"အဲ့ဒါေတြကို ဆိတ္ၿခံကုန္း လွ်ဳိထဲမွာ မေန႔ ညေနပိုင္းက ေတြ႔တာ၊  သိမ္းဆည္းရမိတဲ့ ပစၥည္းေတြကို အခုထိ မူးယစ္မွာ ေရတြက္ေနလို႔ မၿပီးေသးဘူး၊ အားလံုးကေတာ့ ပိုင္ရွင္မဲ့ေတြေပါ့"ဟု လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းမွ အမည္မေဖာ္လိုသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၁၆)ရက္ေန႔ နံနက္ပိုင္းက ေျပာသည္။

အဆိုပါ ဖမ္းဆီးရမိမႈမွာ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း တပ္မေတာ္က နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ရာမွ ဒုတိယအႀကိမ္ေျမာက္အျဖစ္ မူးယစ္ေဆးပမာဏအေျမာက္အျမားကို ဖမ္းမိျခင္းျဖစ္ၿပီး ဇြန္လ (၁၄)ရက္ေန႔ကလည္း လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ပါခါးေက်းရြာတစ္ဝိုက္မွ စိတ္ၾကြေဆးျပား (၄၂)သိန္းခြဲေက်ာ္၊ မူးယစ္ေဆးထုတ္လုပ္သည့္ပစၥည္းမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကိုလည္းေကာင္း၊ ေရပူစမ္းေက်းရြာအနီးမွ ဘိန္းျဖဴ (၅.၃)ကီလိုဂရမ္ႏွင့္ မူးယစ္ေဆးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ားကိုလည္းေကာင္း ဖမ္းဆီးရမိထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း စိတ်ကြွဆေးပြား (၂၆)သိန်းကျော်၊ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ ညနေပိုင်းက တပ်မတော်က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ၍ မူးယစ်ရဲတပ်ဖွဲ့ထံ အပ်နှံပေးထားကြောင်း သိရသည်။

တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အကြား စစ်ကြောင်းများခွဲ၍ ဒေသလုံခြုံရေး နှင့် နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် တပ်မတော်က ဇွန်လ(၁၅)ရက်နေ့ ညနေပိုင်းက စိတ်ကြွဆေးပြား (၂၆၉၀,ဝဝဝ)ပြား၊ ဘိန်းဖြူ (၁)ကီလိုဂရမ်ခန့်၊ ကဖင်း (၁၀၅၀)ကီလိုနှင့် မူးယစ်ဆေးထုတ်လုပ်သည့် စက်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများကို တပ်မတော်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးထားကြောင်း နှင့် မူးယစ်တပ်ဖွဲ့မှ ရေတွက်နေလျက်ရှိကြောင်း သိရသည်။

တပ်မတော်က လွှဲပြောင်းပေးလာသည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား လက်ရှိအချိန်အထိ မူးယစ်ရဲတပ်ဖွဲ့က ရေတွက်နေလျက်ရှိကြောင်း သိရသည်။

"အဲ့ဒါတွေကို ဆိတ်ခြံကုန်း လျှိုထဲမှာ မနေ့ ညနေပိုင်းက တွေ့တာ၊ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို အခုထိ မူးယစ်မှာ ရေတွက်နေလို့ မပြီးသေးဘူး၊ အားလုံးကတော့ ပိုင်ရှင်မဲ့တွေပေါ့"ဟု လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းမှ အမည်မဖော်လိုသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှာ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှ ဒုတိယအကြိမ်မြောက်အဖြစ် မူးယစ်ဆေးပမာဏအမြောက်အမြားကို ဖမ်းမိခြင်းဖြစ်ပြီး ဇွန်လ (၁၄)ရက်နေ့ကလည်း လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါခါးကျေးရွာတစ်ဝိုက်မှ စိတ်ကြွဆေးပြား (၄၂)သိန်းခွဲကျော်၊ မူးယစ်ဆေးထုတ်လုပ်သည့်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကိုလည်းကောင်း၊ ရေပူစမ်းကျေးရွာအနီးမှ ဘိန်းဖြူ (၅.၃)ကီလိုဂရမ်နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net