တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၂၀၁၉ ခုႏွစ္ သစ္ပင္စိုက္ရာသီ၌ သတၱဳကုမၸဏီမ်ားလည္း ပါဝင္စိုက္ပ်ိဳးရမည္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၂၀၁၉ ခုႏွစ္ သစ္ပင္စိုက္ရာသီ၌ သတၱဳကုမၸဏီမ်ားလည္း ပါဝင္စိုက္ပ်ိဳးရမည္
မေ 23, 2019
By Tachileik News Agency
သစ္ေတာျပဳန္းတီးမႈမ်ားသည့္ ရွမ္းျပည္နယ္တြင္ လူထုပူးေပါင္းပါဝင္သည့္ သစ္ေတာအစားထုိး ျပန္လည္ စိုက္ပ်ိဳးမည့္ အစီအစဥ္ကို ၂၀၁၉ ခုႏွစ္တြင္ စတင္ေဆာင္ရြက္မည္ျဖစ္ရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း၌ သတၱဳကုမၸဏီမ်ားကို ကုမၸဏီတစ္ခုလွ်င္ ေက်းရြာတစ္ရြာႏႈန္း တာဝန္ယူစိုက္ပ်ိဳးေစမည္
ျဖစ္ေၾကာင္း သိရသည္။

“သတၱဳကုမၸဏီေတြက (၁) ရြာကို ကုမၸဏီ (၁) ခုေပါ့။ ဌာနဆိုင္ရာေတြနဲ႔ ေပါင္းစိုက္မွာေပါ့။ အဲဒါက ကၽြန္ေတာ္တို႔ အပင္ (၁၅,၀၀၀) ေလာက္စိုက္မယ္။ အပင္ေပါင္း (၁၈,၀၀၀)ရယ္၊ (၁၅,၀၀၀)ရယ္ အပင္ေပါင္း (၃၀,၀၀၀) ေက်ာ္ကတစ္ပိုင္းေပါ့။ ေနာက္တစ္ခုက ကတပ္ရင္း တပ္ဖြဲ႕ေတြက အပင္ (၁၅,၀၀၀) သူ႔အစီအစဥ္နဲ႔သူ တပ္ရင္း တပ္ဖြဲ႕ေတြမွာစိုက္မွာေပါ့။ ေက်ာင္းေတြမွာ စိုက္ဖို႔ေတြရိွတယ္။ ပုဂၢလိကေတြက စိုက္ဖို႔ဆိုၿပီး ေတာင္းတာေတြရိွတယ္။ သစ္ေတာကလည္း သူ႕အစီအစဥ္နဲ႔ စိုက္ပ်ိဳးပြဲေတာ္ေတြလုပ္မွာရိွတယ္။ အားလံုးကၽြန္ေတာ္တို႔ အပင္ (၇၀,၀၀၀) မွာ (၆၀,၀၀၀) ေက်ာ္ေလာက္စိုက္ဖို႔ရိွတယ္။ က်န္တဲ့အပင္ (၁၀,၀၀၀) ေလာက္က စိုက္ခ်င္တဲ့ ပုဂၢလိကကို ျဖန္႔ေပးသြားမယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

သစ္ေတာျပဳန္းတီးမႈမ်ားအတြက္ အစားထိုးစိုက္ပ်ိဳးမႈမ်ားကို ႏွစ္စဥ္ဌာနဆုိင္ရာမ်ားက တစ္ႏွစ္တစ္ႀကိမ္ ေဆာင္ရြက္ေနရာမွ တစ္ႏွစ္(၂)ႀကိမ္ ျပည္သူလူထုပါဝင္သည့္ စုေပါင္းသစ္ပင္စိုက္ပ်ိဳးျခင္းကို၂၀၁၉ ခုႏွစ္၊ မိုးရာသီတြင္ စတင္လုပ္ေဆာင္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က စီစဥ္ေနျခင္းျဖစ္သည္။

"  ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးေဒါက္တာ ညီညီေအာင္ လမ္းညႊန္တဲ့အတိုင္း ေက်းရြာလူထုက ပူးေပါင္းစိုက္ခ်င္တယ္ဆိုတဲ့ ရြာ (၂၀) ရိွတာေပါ့။ ဌာနဆိုင္ရာေတြကို ဘယ္ရြာ ဘယ္ဌာနဆိုၿပီး တာ၀န္ေပးတာေပါ့။ သစ္ပင္က (၂) ႀကိမ္စိုက္မွာေပါ့။ ရြာေတြမွာ စိုက္မွာက အပင္ (၁၈,၀၀၀) ေပါ့။ ဇြန္ (၁၉) ရက္ေန႔ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ေမြးေန႔မွာ (၁) ႀကိမ္။ ဇူလိုင္လ (၆) ရက္ေန႔မွာ (၁) ႀကိမ္ေပါ့။ ေက်းရြာ (၂၀) မွာ အပင္ (၁၈,၀၀၀) စိုက္မွာက တစ္ပိုင္းေပါ့။ တာေလနဲ႔ က်ိဳင္းလပ္မွာ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ တာေလမွာ ေက်းရြာ (၁၇) ရြာ၊ က်ိဳင္းလပ္မွာ ေက်းရြာ (၃) ရြာ၊ စုစုေပါင္း ေက်းရြာ (၂၀) ေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေတာင္ယာစိုက္ပ်ိဳးမႈ၊ သတၱဳတူးေဖၚေရးလုပ္ငန္းမ်ားေၾကာင့္ သစ္ေတာမ်ားဆံုးရံႈးေနရာ ၂၀၁၉ ခုႏွစ္ မိုးရာသီသစ္ပင္စိုက္ပြဲေတာ္ကို ဌာနဆိုင္ရာမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားပူးေပါင္းၿပီး (၂)ႀကိမ္ခြဲ၍စိုက္ပ်ိဳးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သစ်တောပြုန်းတီးမှုများသည့် ရှမ်းပြည်နယ်တွင် လူထုပူးပေါင်းပါဝင်သည့် သစ်တောအစားထိုး ပြန်လည် စိုက်ပျိုးမည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် အတွင်း၌ သတ္တုကုမ္ပဏီများကို ကုမ္ပဏီတစ်ခုလျှင် ကျေးရွာတစ်ရွာနှုန်း တာဝန်ယူစိုက်ပျိုးစေမည်ဖြစ်ကြောင်း သိရသည်။

“သတ္တုကုမ္ပဏီတွေက (၁) ရွာကို ကုမ္ပဏီ (၁) ခုပေါ့။ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစိုက်မှာပေါ့။ အဲဒါက ကျွန်တော်တို့ အပင် (၁၅,ဝဝဝ) လောက်စိုက်မယ်။ အပင်ပေါင်း (၁၈,ဝဝဝ)ရယ်၊ (၁၅,ဝဝဝ)ရယ် အပင်ပေါင်း (၃၀,ဝဝဝ) ကျော်ကတစ်ပိုင်းပေါ့။ နောက်တစ်ခုက ကတပ်ရင်း တပ်ဖွဲ့တွေက အပင် (၁၅,ဝဝဝ) သူ့အစီအစဉ်နဲ့သူ တပ်ရင်း တပ်ဖွဲ့တွေမှာစိုက်မှာပေါ့။ ကျောင်းတွေမှာ စိုက်ဖို့တွေရှိတယ်။ ပုဂ္ဂလိကတွေက စိုက်ဖို့ဆိုပြီး တောင်းတာတွေရှိတယ်။ သစ်တောကလည်း သူ့အစီအစဉ်နဲ့ စိုက်ပျိုးပွဲတော်တွေလုပ်မှာရှိတယ်။ အားလုံးကျွန်တော်တို့ အပင် (၇၀,ဝဝဝ) မှာ (၆၀,ဝဝဝ) ကျော်လောက်စိုက်ဖို့ရှိတယ်။ ကျန်တဲ့အပင် (၁၀,ဝဝဝ) လောက်က စိုက်ချင်တဲ့ ပုဂ္ဂလိကကို ဖြန့်ပေးသွားမယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

သစ်တောပြုန်းတီးမှုများအတွက် အစားထိုးစိုက်ပျိုးမှုများကို နှစ်စဉ်ဌာနဆိုင်ရာများက တစ်နှစ်တစ်ကြိမ် ဆောင်ရွက်နေရာမှ တစ်နှစ်(၂)ကြိမ် ပြည်သူလူထုပါဝင်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် စတင်လုပ်ဆောင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နခြေင်းဖြစ်သည်။

" ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ ညီညီအောင် လမ်းညွှန်တဲ့အတိုင်း ကျေးရွာလူထုက ပူးပေါင်းစိုက်ချင်တယ်ဆိုတဲ့ ရွာ (၂၀) ရှိတာပေါ့။ ဌာနဆိုင်ရာတွေကို ဘယ်ရွာ ဘယ်ဌာနဆိုပြီး တာဝန်ပေးတာပေါ့။ သစ်ပင်က (၂) ကြိမ်စိုက်မှာပေါ့။ ရွာတွေမှာ စိုက်မှာက အပင် (၁၈,ဝဝဝ) ပေါ့။ ဇွန် (၁၉) ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ မွေးနေ့မှာ (၁) ကြိမ်။ ဇူလိုင်လ (၆) ရက်နေ့မှာ (၁) ကြိမ်ပေါ့။ ကျေးရွာ (၂၀) မှာ အပင် (၁၈,ဝဝဝ) စိုက်မှာက တစ်ပိုင်းပေါ့။ တာလေနဲ့ ကျိုင်းလပ်မှာ မြို့အုပ်ချုပ်ရေးမှူးတွေနဲ့ တာလေမှာ ကျေးရွာ (၁၇) ရွာ၊ ကျိုင်းလပ်မှာ ကျေးရွာ (၃) ရွာ၊ စုစုပေါင်း ကျေးရွာ (၂၀) ပေါ့”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ရှမ်းပြည်နယ်အတွင်း တောင်ယာစိုက်ပျိုးမှု၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် သစ်တောများဆုံးရှုံးနေရာ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်းပြီး (၂)ကြိမ်ခွဲ၍စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net