တံုတာၿမိဳ႕တြင္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ဝန္ထမ္းအိမ္ရာအိမ္ခန္းတြင္ ႀကိဳးဆြဲခ်ေသဆံုး

တံုတာၿမိဳ႕တြင္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ဝန္ထမ္းအိမ္ရာအိမ္ခန္းတြင္ ႀကိဳးဆြဲခ်ေသဆံုး
ဧပြီ 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ တံုတာၿမိဳ႕ မီးသတ္တပ္ဖြဲ႕ဝန္ထမ္းအိမ္ရာတြင္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔က ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သိရသည္။

မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း တံုတာနယ္ေျမရဲစခန္းသို႔ ညေန (၅)နာရီခြဲတြင္ အေၾကာင္းၾကားလာသျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ အသက္ (၂၂)ႏွစ္အရြယ္ သန္းနိုင္ဝင္းမွာ မီးသတ္ဝန္ထမ္းအိမ္ရာေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

သန္းႏုိင္ဝင္းမွာ လြန္ခဲ့သည့္တစ္ႏွစ္ခန္႔က ဇနီးျဖစ္သူႏွင့္ကြာရွင္းကာ ဝန္ထမ္းအိမ္ရာအိမ္ခန္းတြင္ ေနထုိင္ေနျခင္းျဖစ္ေၾကာင္း သိရၿပီး ေသဆံုးရျခင္းအေၾကာင္းရင္းအား သိရိွႏုိင္ရန္ အေလာင္းအား ေဆးရံုသို႔ပို႔၍စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ပတ္သက္၍ တံုတာနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၃/၂၀၁၉ ျဖင့္အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တုံတာမြို့တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဝန်ထမ်းအိမ်ရာအိမ်ခန်းတွင် ကြိုးဆွဲချသေဆုံး
*******
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့ မီးသတ်တပ်ဖွဲ့ဝန်ထမ်းအိမ်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း တုံတာနယ်မြေရဲစခန်းသို့ ညနေ (၅)နာရီခွဲတွင် အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အသက် (၂၂)နှစ်အရွယ် သန်းနိုင်ဝင်းမှာ မီးသတ်ဝန်ထမ်းအိမ်ရာနေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဝင်းမှာ လွန်ခဲ့သည့်တစ်နှစ်ခန့်က ဇနီးဖြစ်သူနှင့်ကွာရှင်းကာ ဝန်ထမ်းအိမ်ရာအိမ်ခန်းတွင် နေထိုင်နေခြင်းဖြစ်ကြောင်း သိရပြီး သေဆုံးရခြင်းအကြောင်းရင်းအား သိရှိနိုင်ရန် အလောင်းအား ဆေးရုံသို့ပို့၍စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ တုံတာနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၉ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net