ျမန္မာေရႊ႕ေျပာင္းလုပ္သားတစ္ဦးကို ဘိန္းစာမႈန္႔ (၁၁၂)ကီလိုဂရမ္ႏွင့္အတူ ထုိင္းႏုိင္ငံအတြင္း ဖမ္းမိ

ျမန္မာေရႊ႕ေျပာင္းလုပ္သားတစ္ဦးကို ဘိန္းစာမႈန္႔ (၁၁၂)ကီလိုဂရမ္ႏွင့္အတူ ထုိင္းႏုိင္ငံအတြင္း ဖမ္းမိ
ဧပြီ 17, 2019
By 🌸
ဘိန္းစာမႈန္႔ (၁၁၂)ကီလိုဂရမ္ သယ္ေဆာင္လာသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားတစ္ဦးကို ထုိင္း - ျမန္မာနယ္စပ္ ကင္းလွည့္သည့္ ထုိင္းရဲတပ္ဖဲြ႕က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ထုိင္း - ျမန္မာနယ္စပ္ကင္းလွည့္သည့္ ထုိင္းစစ္တပ္၊ နယ္စပ္ရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႕တုိ႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုနွစ္၊ ဧၿပီလ (၁၆)ရက္ေန႔တြင္ ကင္းလွည့္ေနစဥ္ ေမာ္ေတာ္ဆုိင္ကယ္ျဖင့္ ဘိန္းစာမႈန္႔မ်ားသယ္လာသည့္ အမ်ိဳးသားကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ကင္းလွည့္သည့္အဖြဲ႕က ေမာ္ေတာ္ဆုိင္ကယ္စီးနင္းလာသည့္အမ်ိဳးသားအား စစ္ေဆးရန္ ရပ္တန္႔ခုိင္းစဥ္ ထြက္ေျပးသျဖင့္ လုိက္လံဖမ္းဆီးခဲ့ရျခင္းျဖစ္ၿပီး ၎သယ္ေဆာင္လာသည့္ ေျမၾသဇာအိတ္အတြင္း ဘိန္းစာမႈန္႔အထုပ္မ်ားအား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ အသက္ (၄၀)အရြယ္ ျမန္မာအမ်ိဳးသားသည္ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ျဖင့္ ေနထိုင္သူျဖစ္ၿပီး မူးယစ္ေဆးဝါးေရာင္းဝယ္ျခင္းကို လုပ္ေဆာင္ေနေၾကာင္းႏွင့္ ေတာထဲတြင္ ဝွက္ထားသည့္ ဘိန္းစာမႈန္႔အိတ္မ်ားကို ထုတ္ေဖၚေျပာဆိုခဲ့ေၾကာင္း သိရသည္။

၎သည္ ဘိန္းစာမႈန္႔မ်ားကို ျမန္မာႏုိင္ငံဘက္မွဝယ္ယူၿပီး နယ္စပ္ျဖတ္ေက်ာ္ကာ ျမန္မာေရလုပ္သားမ်ားအား ျပန္လည္ေရာင္းခ်ေနျခင္းျဖစ္သည္ဟု ထြက္ဆိုထားသျဖင့္ ဥပေဒအရ အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post


 
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကို ဘိန်းစာမှုန့် (၁၁၂)ကီလိုဂရမ်နှင့်အတူ ထိုင်းနိုင်ငံအတွင်း ဖမ်းမိ
************
ဘိန်းစာမှုန့် (၁၁၂)ကီလိုဂရမ် သယ်ဆောင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကို ထိုင်း - မြန်မာနယ်စပ် ကင်းလှည့်သည့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ်ကင်းလှည့်သည့် ထိုင်းစစ်တပ်၊ နယ်စပ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် ကင်းလှည့်နေစဉ် မော်တော်ဆိုင်ကယ်ဖြင့် ဘိန်းစာမှုန့်များသယ်လာသည့် အမျိုးသားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ကင်းလှည့်သည့်အဖွဲ့က မော်တော်ဆိုင်ကယ်စီးနင်းလာသည့်အမျိုးသားအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရခြင်းဖြစ်ပြီး ၎င်းသယ်ဆောင်လာသည့် မြေသြဇာအိတ်အတွင်း ဘိန်းစာမှုန့်အထုပ်များအား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အသက် (၄၀)အရွယ် မြန်မာအမျိုးသားသည် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဖြင့် နေထိုင်သူဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကို လုပ်ဆောင်နေကြောင်းနှင့် တောထဲတွင် ဝှက်ထားသည့် ဘိန်းစာမှုန့်အိတ်များကို ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းသည် ဘိန်းစာမှုန့်များကို မြန်မာနိုင်ငံဘက်မှဝယ်ယူပြီး နယ်စပ်ဖြတ်ကျော်ကာ မြန်မာရေလုပ်သားများအား ပြန်လည်ရောင်းချနေခြင်းဖြစ်သည်ဟု ထွက်ဆိုထားသဖြင့် ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net