တာချီလိတ်မြို့တွင် ခွန်ဆာအဖွဲ့မှ အလင်းဝင်ထားသူ၏ နေအိမ်၌ ကျပ်သန်းပေါင်း (၁၀,၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် လက်နက် အပါအဝင် ဘတ်ငွေ(၁၅)သိန်း၊ မော်တော်ယာဉ် (၁၀)စီး ဖမ်းမိ

တာချီလိတ်မြို့တွင် ခွန်ဆာအဖွဲ့မှ အလင်းဝင်ထားသူ၏ နေအိမ်၌ ကျပ်သန်းပေါင်း (၁၀,၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် လက်နက် အပါအဝင် ဘတ်ငွေ(၁၅)သိန်း၊ မော်တော်ယာဉ် (၁၀)စီး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် ခွန်ဆာအဖွဲ့မှ အလင်းဝင်လာသူ၏ နေအိမ်ခြံဝန်းတစ်ခုအတွင်းမှ ဘိန်းဖြူ (၁) တန်နီးပါးအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံနှင့် လက်နက်ခဲယမ်းများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ခွန်ဆာအဖွဲ့မှ ဟိုမိန်းဒေသတွင် အလင်းဝင်ခဲ့ပြီး တာချီလိတ်တွင် နေထိုင်နေသည့် စိုင်းလျှံ၏ ပါဆတ်ရပ်ကွက်ရှိနေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားပေါင်း (၁,၈၃၂,၀၀၀) ပြား၊ ဘိန်းဖြူဘလောက်တုံးနှင့် ဘိန်းဖြူမှုန့် စုစုပေါင်း အလေးချိန် (၁,၅၄၃.၉) ကီလိုခန့်၊ မက်သာအက်ဖီတမင်း (အိုက်စ်) (၁.၆) ကီလိုခန့်၊ အမေရိကန်နိုင်ငံလုပ် ပါရာပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၈) တောင့်၊ ထိုင်းဘတ်ငွေ (၁၅) သိန်းနှင့် မော်တော်ယာဉ်မျိုးစုံ (၁၀) စီးတို့အား သိမ်းဆည်းရမိသည်ဟု သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သန်းပေါင်း (၁၃၄,၅၀)ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ရှာဖွေမှုအတွင်း အသက်(၅၉)နှစ်ရှိ  စိုင်းလျှံနှင့် အသက်(၅၀)ဝန်းကျင်ရှိ စိုင်းဟောင်ခမ်းတို့ကို  ဖမ်းဆီးထိန်းသိမ်းထားပြီး ဝိန်းကျောက်ရပ်ကွက်ရှိ စိုင်းလျှံ၏ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း ကွင်းဆက်များကို ဖော်ထုတ်ဖမ်းမိရေးအတွက်လည်း ကြိုးပမ်းနေကြောင်း သိရသည်။