ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား (၄၉)ဦး လြတ္ေျမာက္

ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား (၄၉)ဦး လြတ္ေျမာက္
ဧပြီ 17, 2019
By Tachileik News Agency

ႏိုင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕ရွိ မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား(၄၉)ဦးသည္ လြတ္ၿငိမ္းသက္သာခြင့္ရရွိခဲ့ၿပီး ၎တို႔အား ၂၀၁၉ခုႏွစ္ ဧၿပီလ(၁၇)ရက္ေန႔ ေန႔လည္ပိုင္းက အဆိုပါ အက်ဥ္းေထာင္မွ လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

မိုင္းဆတ္အက်ဥ္းေထာင္မွ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆိုင္ရာဥပေဒပုဒ္မ၊ ၁၅ ျဖင့္(၂)ဦးႏွင့္ ၁၆ ျဖင့္ (၃၉)ဦး၊ တပ္မေတာ္အက္ဥပေဒျဖင့္ (၆)ဦး၊ အသက္(၇၅)ႏွစ္အထက္(၂)ဦး၊ စုစုေပါင္း(၄၉)ဦးတြင္ အမ်ဳိးသား (၄၆)ဦး ႏွင့္ အမ်ုိးသမီး(၃)ဦး ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ (၄၉)ဦးတြင္  ျပစ္ဒဏ္က်န္အနည္းဆုံး(၁၆)ရက္မွ အမ်ားဆုံး(၆)ႏွစ္ေက်ာ္ထိရိွသူမ်ားပါ၀င္ေၾကာင္း ႏွင့္ ခိုးဆိုးလုႏိႈက္ ျပစ္ဒဏ္သမားမ်ား ပါ၀င္ျခင္း မရိွေၾကာင္းလည္း သိရသည္။

ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ ရရွိသူ (၄၉)ဦးအား မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က အားေပးစကားေျပာ ၾကားၿပီး တစ္ဦးလွ်င္ ေငြက်ပ္ႏွစ္ေထာင္စီ၊ ခ႐ိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီးေစာေဇယ်ာလင္းက တစ္ဦးလွ်င္ ေငြက်ပ္ တစ္ေထာင္စီႏွင့္ မိုင္းဆတ္အက်ဥ္းေထာင္မွ တစ္ဦးလွ်င္ ေငြက်ပ္ေျခာက္ေထာင္စီ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္းႏွင့္ ေနရပ္ျပန္ႏိုင္ေရးစီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ကို တစ္ႏိုင္ငံလံုးရွိ အက်ဥ္းေထာင္မ်ားမွ ႏုိင္ငံသားအက်ဥ္းသား (၉,၅၃၅)ဦးႏွင့္ ႏုိင္ငံျခားသား အက်ဥ္းသား (၁၆)ဦး စုစုေပါင္း (၉,၅၅၁)ဦးကို ခံစားခြင့္ျပဳလုိက္ရာတြင္ မိုင္းဆတ္အက်ဥ္းေထာင္မွ (၄၉)ဦးလည္း ပါ၀င္ျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား(၄၉)ဦးသည် လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့ပြီး၎င်းတို့အား ၂၀၁၉ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နေ့လည်ပိုင်းက အဆိုပါ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်အကျဉ်းထောင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ ၁၅ ဖြင့်(၂)ဦးနှင့် ၁၆ ဖြင့် (၃၉)ဦး၊ တပ်မတော်အက်ဥပဒဖြေင့် (၆)ဦး၊ အသက်(၇၅)နှစ်အထက်(၂)ဦး၊ စုစုပေါင်း(၄၉)ဦးတွင် အမျိုးသား (၄၆)ဦး နှင့် အမျိုးသမီး(၃)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ (၄၉)ဦးတွင် ပြစ်ဒဏ်ကျန်အနည်းဆုံး(၁၆)ရက်မှ အများဆုံး(၆)နှစ်ကျော်ထိရှိသူများပါဝင်ကြောင်း နှင့် ခိုးဆိုးလုနှိုက် ပြစ်ဒဏ်သမားများ ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ရရှိသူ (၄၉)ဦးအား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အားပေးစကားပြော ကြားပြီး တစ်ဦးလျှင် ငွေကျပ်နှစ်ထောင်စီ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစောဇေယျာလင်းက တစ်ဦးလျှင် ငွေကျပ် တစ်ထောင်စီနှင့် မိုင်းဆတ်အကျဉ်းထောင်မှ တစ်ဦးလျှင် ငွေကျပ်ခြောက်ထောင်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် နေရပ်ပြန်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ နိုင်ငံသားအကျဉ်းသား (၉,၅၃၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၁၆)ဦး စုစုပေါင်း (၉,၅၅၁)ဦးကို ခံစားခွင့်ပြုလိုက်ရာတွင် မိုင်းဆတ်အကျဉ်းထောင်မှ (၄၉)ဦးလည်း ပါဝင်ခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  


သတ