ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေသည့် KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေသည့် KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
နိုဝင်ဘာ 27, 2020
By Tachileik News Agency
ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေသည့် KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
Covid-19 ကာလအတွင်း တားမြစ်ချက်ကို မလိုက်နာဘဲ ခွင့်ပြုချက်မရှိ ဖွင့်လှစ်နေသည့် မကွေးမြို့ ၊ အောင်မေတ္တာ(စီ)ရပ်ကွက်ရှိ မကွေးကမ္ဘာ KTV ကို  နိုဝင်ဘာ(၂၇) ရက် နံနက် (၁) နာရီ အချိန်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ KTV နှင့် စားသောက် ဆိုင်အား လျှို့ဝှက်ဖွင့်ကာ လုပ်ကိုင်ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူတစ်ဦးက Page Chat Box မှ ဆက်သွယ် တိုင်တန်းချက်အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်ဖြင့် မကွေးတိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ(၂၇)ရက် နံနက် (၁) နာရီတွင် မကွေးမြို့၊ အောင်မေတ္တာ(စီ) ရပ်ကွက်ရှိ မကွေးကမ္ဘာ အဆင့်မြင့် အအေးခန်းနှင့် စားသောက်ဆိုင်ရှိ KTV ခန်းအား သက်သေလူကြီးများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဒီလောက် COVID-19 ကပ်ရောဂါ ပြန့်နှံ့နေတဲ့ကြားက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို မျက်ကွယ်ပြုပြီး ဒီလိုဖွင့်တာဟာ အန္တရာယ်ကို လက် ယပ်ခေါ်နေသလိုပါပဲ။ ဒီလိုဖွင့်ထားတာကို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက မသိကြတာလား၊ မသိချင် ယောင်ဆောင်နေကြတာလား မေးခွန်းထုတ်စရာဖြစ်နေပြီ” ဟု မကွေးခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း က ပြောသည်။
အဆိုပါ ဆိုင်၏ K-5 အခန်းတွင်း သီချင်းသီဆိုနေသူ အမျိုးသားများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး သီချင်းအကူသီဆိုသူ ဆိုင်ဝန်ထမ်း အမျိုးသမီး(၂)ဦးကို KTV လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဆိုင်တာဝန်ခံ နိုင်လင်း ဆိုသူနှင့် ဆိုင်ဝန်ထမ်း အမျိုးသမီး (၂)ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲသွားမည်ဖြစ် ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~