ေတာင္ႀကီး - ေအးသာယာ အဆင္း၊အတက္လမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္းၿပီးစီးသြား၍ မတ္လ (၁၈)ရက္ေန႔မွစၿပီး ပံုမွန္အတုိင္း ျဖတ္သန္းႏိုင္

ေတာင္ႀကီး - ေအးသာယာ အဆင္း၊အတက္လမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္းၿပီးစီးသြား၍ မတ္လ (၁၈)ရက္ေန႔မွစၿပီး ပံုမွန္အတုိင္း ျဖတ္သန္းႏိုင္
မတ် 17, 2019
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီး - ေအးသာယာ လမ္းပိုင္းကို ႏိုင္လြန္ကတၱရာလမ္းခင္းျခင္း ေဆာင္ရြက္ေနသျဖင့္ ကုန္တင္ယာဥ္ႀကီးမ်ားကို အခ်ိန္အကန္႔အသတ္ျဖင့္ ျဖတ္သန္းခြင့္ျပဳေနရာမွ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၈)ရက္ေန႔မွစ၍ ပံုမွန္အတိုင္း ျဖတ္သန္းႏိုင္ၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္ ေဆာက္လုပ္ေရးဦးစီးဌာနထံမွွ သိရသည္။

 “ေတာင္ႀကီးအဆင္းလမ္း၊ အတက္လမ္း AC ခင္းတာ ဒီေန႔အားလံုးၿပီးသြားတဲ့အတြက္ မနက္ျဖန္ကစၿပီး ကုန္ကားေတြအကုႏု္ ပံုမွန္အတိုင္းသြားလို႔ရပါၿပီဗ်”ဟု ရွမ္းျပည္နယ္ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ေတာင္ႀကီးခ႐ိုင္လမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးမ်ိဳးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီးကို ဆက္သြယ္ထားသည့္ မိတၳီလာ- ေတာင္ႀကီး- က်ဳိင္းတံု- တာခ်ီလိတ္လမ္းပိုင္း ျပည္ေထာင္စုလမ္းမႀကီးကို ေလးလမ္းသြား အဆင့္ျမႇင္တင္မႈေဆာင္ရြက္ေနျခင္းျဖစ္ၿပီး အဆိုပါလမ္းမႀကီးမွ ေတာင္ႀကီး - ေအးသာယာလမ္းပိုင္းကို ႏုိင္လြန္ကတၱရာခင္းျခင္းလုပ္ေဆာင္ေနသျဖင့္ ကုန္တင္ယာဥ္မ်ားျဖတ္သန္းမႈကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၅) ရက္ေန႔မွစ၍ ညေန (၆) နာရီမွ မနက္ (၆) နာရီအထိ အခ်ိန္အကန္႔အသတ္ျဖင့္ ျဖတ္သန္းခြင့္ျပဳေနျခင္း ျဖစ္သည္။

မိတၳီလာ- ေတာင္ႀကီး- က်ဳိင္းတံု- တာခ်ီလိတ္လမ္း မိုင္တုိင္ ၁၀၉/၂ - ၁၁၂/၄ အထိ ေတာင္ႀကီးလမ္းပိုင္းကို ႏိုင္လြန္ကတၱရာ(AC)ခင္းျခင္းလုပ္ငန္းကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက BOT စနစ္ျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်ကြီး - အေးသာယာ အဆင်း၊အတက်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းပြီးစီးသွား၍ မတ်လ (၁၈)ရက်နေ့မှစပြီး ပုံမှန်အတိုင်း ဖြတ်သန်းနိုင်
**********
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး - အေးသာယာ လမ်းပိုင်းကို နိုင်လွန်ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေသဖြင့် ကုန်တင်ယာဉ်ကြီးများကို အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုနေရာမှ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့မှစ၍ ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဆောက်လုပ်ရေးဦးစီးဌာနထံမှ သိရသည်။

 “တောင်ကြီးအဆင်းလမ်း၊ အတက်လမ်း AC ခင်းတာ ဒီနေ့အားလုံးပြီးသွားတဲ့အတွက် မနက်ဖြန်ကစပြီး ကုန်ကားတွေအကုနု် ပုံမှန်အတိုင်းသွားလို့ရပါပြီဗျ”ဟု ရှမ်းပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးကို လေးလမ်းသွား အဆင့်မြှင်တင်မှုဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလမ်းမကြီးမှ တောင်ကြီး - အေးသာယာလမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ဆောင်နေသဖြင့် ကုန်တင်ယာဉ်များဖြတ်သန်းမှုကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှစ၍ ညနေ (၆) နာရီမှ မနက် (၆) နာရီအထိ အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းခွင့်ပြုနေခြင်း ဖြစ်သည်။

မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း မိုင်တိုင် ၁၀၉/၂ - ၁၁၂/၄ အထိ တောင်ကြီးလမ်းပိုင်းကို နိုင်လွန်ကတ္တရာ(AC)ခင်းခြင်းလုပ်ငန်းကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက BOT စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net