လြိဳင္ေကာ္ၿမိဳ႕ရွိ ကႏၶာေဟ၀န္ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ ထားရွိမႈကို ကန္႔ကြက္ဆႏၵထုတ္ေဖာ္ကာ ထိုင္သပိတ္ျပဳလုပ္သည့္ ဦးေဆာင္သူ (၂၀)ဦးကို ၿငိမ္းစုစီဥပေဒျဖင့္ တရားစြဲ

လြိဳင္ေကာ္ၿမိဳ႕ရွိ ကႏၶာေဟ၀န္ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ ထားရွိမႈကို ကန္႔ကြက္ဆႏၵထုတ္ေဖာ္ကာ ထိုင္သပိတ္ျပဳလုပ္သည့္ ဦးေဆာင္သူ (၂၀)ဦးကို ၿငိမ္းစုစီဥပေဒျဖင့္ တရားစြဲ
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ကႏၶာေဟ၀န္ပန္းၿခံအတြင္း ကရင္နီလူငယ္မ်ား ကန္႔ကြက္ေနသည့္ ၾကားမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ထားရွိမႈႏွင့္ ပတ္သက္၍ သပိတ္စခန္းဖြင့္၍ ဦးေဆာင္ ဆႏၵျပသည့္ ကရင္နီလူငယ္ (၂၀)ဦးကို ၿငိမ္းစုစီဥပေဒျဖင့္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ရဲစခန္းက တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ကႏၶာေဟဝန္ပန္းျခံအတြင္း ဇန္န၀ါရီလ (၃၁)ရက္ေန႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ စိုက္ထူလိုက္ျခင္းအား ယာယီ ရပ္တန္႔ထားေပးရန္ ကရင္နီလူငယ္မ်ားမွ ပန္းျခံေ႐ွ႕တြင္ သပိတ္စခန္း ဖြင့္ကာ ဆႏၵျပခဲ့ၾကၿပီးေနာက္ ေဖေဖာ္ဝါ႐ီလ (၁)ရက္ေန႔ နံနက္ပိုင္းတြင္ သပိတ္စခန္းအား ရဲတပ္ဖြဲ႔မွ ဖယ္႐ွာခဲ့ၿပီး ဆႏၵျပရာတြင္ ဦးေဆာင္ပါဝင္ခဲ့သူ (၂၀)ဦးကို ပုဒ္မ ၁၉ ျဖင့္ တရားစြဲဆိုလိုက္ျခင္းျဖစ္သည္။

"အားလုံးၿငိမ္းစုစီ ပုဒ္မ ၁၉ နဲ႔ စြဲခံရပါတယ္။ ေယာက်ာ္းေလးက ဆယ့္သုံးေယာက္ မိန္းကေလးက ခုႏွစ္ေယာက္ပါ"ဟု ၿငိမ္းစုစီ ျဖင့္ တရားစြဲဆို ခံရသည့္ ကိုေက်ာ္ထင္ေအာင္က ေျပာသည္။

လက္႐ွိတြင္ တရားစြဲဆို ခံထားရေသာ လူငယ္ (၂၀)ဦးအား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ေခၚယူ၍ ကိုယ္ေရးအခ်က္ အလက္မ်ား စီစစ္ေနဆဲျဖစ္ၿပီး တရားစြဲ ခံထားရသူမ်ားမွာ ဒီးဒီ၊ ေသာမတ္၊ မ်ိဳးလိႈင္ဝင္း ၊ခူးရီးရယ္၊ ဂူဂူး၊စတာေနတူးတူး၊ ေက်ာ္ထင္ေအာင္၊ ခြန္ရဲမင္းေက်ာ္၊ ပ်ားေလး၊ ၾကယ္နီ၊ေမာင္လြင္၊ ဗီတိုးရီးယား၊ ခူးဂ်ိဳးဇက္၊ မာရိယာ ၊ခင္ႏွင္းဦး၊ အက္ကနက္၊ ေအးသစ္၊ ေအေပၚလင္း၊ မူ႔ပေရစီ၊ သူရိန္ တို႔ျဖစ္ေၾကာင္း သိရသည္။

ဇန္နဝါရီလ (၃၁)ရက္ေန႔ ညပိုင္းကစ၍ ကႏၶာေဟဝန္ပန္းျခံေ႐ွ႕တြင္ သပိတ္စခန္းဖြင့္ကာ အမ်ားျပည္သူပိုင္ ပန္းျခံတြင္ ျပဳလုပ္ေနေသာ ႐ုပ္ထုအား ဖ်က္သိမ္းေပးရန္၊ မျဖစ္မေန ႐ုပ္ထုတည္မယ္ဆို ပါက လူထုဆႏၵခံယူ၍ မဲစနစ္ျဖင့္ျပဳလုပ္ေပးရန္ ၊ NLD ပါတီအေနျဖင့္ မျဖစ္မေနလုပ္ေဆာင္ဖို႔လိုအပ္ပါက အမ်ားျပည္သူပိုင္သည့္ ေနရာတြင္ မျပဳလုပ္ဘဲ NLD ႏွင့္ သက္ဆိုင္ေသာ ရံုးမ်ား ႏွင့္ ပရဟိတအဖြဲ႔မ်ားမွ လုပ္ပါကလည္း ပရဟိတႏွင့္ သက္ဆိုင္ေသာ ေနရာမ်ားတြင္ ျပဳလုပ္ရန္၊ ဘ႑ာေရးစာရင္း႐ွင္းတမ္းမ်ား ကိုလည္း ပြင့္လင္းျမင္သာစြာခ်ျပေျဖ႐ွင္းေပးရန္ စသည့္အခ်က္မ်ား ေတာင္းဆိုထားခဲ့ၾကသည္။

ကယားျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ထားရွိရန္ ၂၀၁၈ က ျပည္နယ္အစိုးရအဖြဲ႔မွ ဦးေဆာင္ၿပီး လုပ္ေဆာင္ခဲ့ရာတြင္ ေဒသခံတခ်ိဳ႕ႏွင့္ ကရင္နီလူငယ္မ်ားက ကန္႔ကြက္ဆႏၵျပခဲ့ေသာေၾကာင့္ လူငယ္မ်ားထဲမွ (၂၃)ဦးမွာ ၿငိမ္းစုစီပုဒ္မ ၁၉ ႏွင့္ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ )(ဂ) တို႔ျဖင့္ တရားစြဲဆို ခံရ၍ လက္႐ွိတြင္တရားရင္ဆိုင္ေနရဆဲ ၿဖစ္ၿပီး ယခုတရားစြဲဆိုရာတြင္လည္း ယခင္တရား ရင္ဆိုင္ေနရေသာ သူမ်ားထပ္မံပါဝင္ ေနေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္ဓာဟေဝန်ပန်းခြံအတွင်း ကရင်နီလူငယ်များ ကန့်ကွက်နေသည့် ကြားမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ထားရှိမှုနှင့် ပတ်သက်၍ သပိတ်စခန်းဖွင့်၍ ဦးဆောင် ဆန္ဒပြသည့် ကရင်နီလူငယ် (၂၀)ဦးကို ငြိမ်းစုစီဥပဒဖြေင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် လွိုင်ကော်မြို့နယ်ရဲစခန်းက တရားစွဲဆိုလိုက်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံအတွင်း ဇန်နဝါရီလ (၃၁)ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူလိုက်ခြင်းအား ယာယီ ရပ်တန့်ထားပေးရန် ကရင်နီလူငယ်များမှ ပန်းခြံရှေ့တွင် သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြခဲ့ကြပြီးနောက် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ ဖယ်ရှာခဲ့ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ (၂၀)ဦးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

"အားလုံးငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ စွဲခံရပါတယ်။ ယောကျာ်းလေးက ဆယ့်သုံးယောက် မိန်းကလေးက ခုနှစ်ယောက်ပါ"ဟု ငြိမ်းစုစီ ဖြင့် တရားစွဲဆို ခံရသည့် ကိုကျော်ထင်အောင်က ပြောသည်။

လက်ရှိတွင် တရားစွဲဆို ခံထားရသော လူငယ် (၂၀)ဦးအား လွိုင်ကော်မြို့မရဲစခန်းတွင် ခေါ်ယူ၍ ကိုယ်ရေးအချက် အလက်များ စီစစ်နေဆဲဖြစ်ပြီး တရားစွဲ ခံထားရသူများမှာ ဒီးဒီ၊ သောမတ်၊ မျိုးလှိုင်ဝင်း၊ခူးရီးရယ်၊ ဂူဂူး၊စတာနေတူးတူး၊ ကျော်ထင်အောင်၊ ခွန်ရဲမင်းကျော်၊ ပျားလေး၊ ကြယ်နီ၊မောင်လွင်၊ ဗီတိုးရီးယား၊ ခူးဂျိုးဇက်၊ မာရိယာ၊ခင်နှင်းဦး၊ အက်ကနက်၊ အေးသစ်၊ အေပေါ်လင်း၊ မူ့ပရေစီ၊ သူရိန် တို့ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၃၁)ရက်နေ့ ညပိုင်းကစ၍ ကန္ဓာဟေဝန်ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်ကာ အများပြည်သူပိုင် ပန်းခြံတွင် ပြုလုပ်နေသော ရုပ်ထုအား ဖျက်သိမ်းပေးရန်၊ မဖြစ်မနေ ရုပ်ထုတည်မယ်ဆို ပါက လူထုဆန္ဒခံယူ၍ မဲစနစ်ဖြင့်ပြုလုပ်ပေးရန်၊ NLD ပါတီအနဖြေင့် မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်ပါက အများပြည်သူပိုင်သည့် နေရာတွင် မပြုလုပ်ဘဲ NLD နှင့် သက်ဆိုင်သော ရုံးများ နှင့် ပရဟိတအဖွဲ့များမှ လုပ်ပါကလည်း ပရဟိတနှင့် သက်ဆိုင်သော နေရာများတွင် ပြုလုပ်ရန်၊ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ ကိုလည်း ပွင့်လင်းမြင်သာစွာချပြဖြေရှင်းပေးရန် စသည့်အချက်များ တောင်းဆိုထားခဲ့ကြသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ၂၀၁၈ က ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး လုပ်ဆောင်ခဲ့ရာတွင် ဒေသခံတချို့နှင့် ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒပြခဲ့သောကြောင့် လူငယ်များထဲမှ (၂၃)ဦးမှာ ငြိမ်းစုစီပုဒ်မ ၁၉ နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ )(ဂ) တို့ဖြင့် တရားစွဲဆို ခံရ၍ လက်ရှိတွင်တရားရင်ဆိုင်နေရဆဲ ဖြစ်ပြီး ယခုတရားစွဲဆိုရာတွင်လည်း ယခင်တရား ရင်ဆိုင်နေရသော သူများထပ်မံပါဝင် နေကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~