(၆၇) နွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္တြင္ IRON CROSS အဖြဲ႕ အခမဲ့ေဖ်ာ္ေျဖမည္

(၆၇) နွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္တြင္ IRON CROSS အဖြဲ႕ အခမဲ့ေဖ်ာ္ေျဖမည္
ဇန်နဝါရီ 5, 2019
By 🌸
၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၅)ရက္ေန႔တြင္ က်ေရာက္မည့္ (၆၇) နွစ္ေျမာက္ ကယားျပည္နယ္ေန႔ အထိမ္းအမွတ္အျဖစ္ ဇန္နဝါရီလ (၁၆) ရက္ေန႕၌ IRON CROSS ေတးဂီတအဖြဲ႕က လိြဳင္ေကာ္ၿမိဳ႕ရိွ ေလဟာျပင္ကြင္းတြင္ အခမဲ့ေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း သိရသည္။

Iron Cross ေတးဂီတအဖြဲ႕က ကယားျပည္နယ္ေန႔ပြဲေတာ္တြင္လည္း ကယားျပည္နယ္အစိုးရအဖြဲ႕၏ စီစဥ္မႈျဖင့္ အခမဲ့ေဖ်ာ္ေျဖေပးသည့္ ဒုတိယေျမာက္ႏွစ္ျဖစ္ၿပီး ေလးျဖဴ၊ အငဲ၊ မ်ိဳးႀကီး၊ ဝိုင္ဝိုင္းတို႔က ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၆)ရက္ေန႔ ည (၇) နာရီမွစ၍ သီဆိုေဖ်ာ္ေျဖၾကမည္ျဖစ္ေၾကာင္း သိရသည္။

 (၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္အား ဇန္နဝါရီလ (၁၀) ရက္ေန႕မွ (၁၉) ရက္ေန႔အထိ ကယားေဒး ကြင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး အားကစားၿပိဳင္ပြဲမ်ား၊ ရိုးရာအကၿပိဳင္ပြဲမ်ား၊ အၿငိမ့္သဘင္၊ ဇာတ္သဘင္၊ စတိတ္ရႈိးေဖ်ာ္ေျဖေရးမ်ား ထည့္သြင္းက်င္းပမည္ျဖစ္သည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂Unicode Version ~~~~~~~~
(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် IRON CROSS အဖွဲ့ အခမဲ့ဖျော်ဖြေမည်
***********
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ (၁၆) ရက်နေ့၌ IRON CROSS တေးဂီတအဖွဲ့က လွိုင်ကော်မြို့ရှိ လေဟာပြင်ကွင်းတွင် အခမဲ့ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

Iron Cross တေးဂီတအဖွဲ့က ကယားပြည်နယ်နေ့ပွဲတော်တွင်လည်း ကယားပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အခမဲ့ဖျော်ဖြေပေးသည့် ဒုတိယမြောက်နှစ်ဖြစ်ပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ ည (၇) နာရီမှစ၍ သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

 (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်အား ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကယားဒေး ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ၊ ရိုးရာအကပြိုင်ပွဲများ၊ အငြိမ့်သဘင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေရေးများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~