ဖရူဆိုမြို့တွင် ကလေးနှင့်အမျိုးသမီးများပါဝင်သည့် စစ်ရှောင် (၃၅)ဦးကို အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်

  Photo: KNDF
  Photo: KNDF
 ဖရူဆိုမြို့တွင် ကလေးနှင့်အမျိုးသမီးများပါဝင်သည့် စစ်ရှောင် (၃၅)ဦးကို အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်
ဒီဇင်ဘာ 25, 2021 | ကယား

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့က အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာသဖြင့် စစ်ဘေးရှောင်ကြသည့် အရပ်သားပြည်သူ (၃၅) ဦးကို အာဏာသိမ်းစစ်တပ်က ကားပေါ်တွင် မီးရှို့သတ်သွားကြောင်း သိရသည်။

ယမန်နေ့က အာဏာသိမ်းတပ် ဖရူဆိုကို စစ်ကြောင်းထိုးလာသဖြင့် စစ်ဘေးရှောင်ကြသည့် ကလေးနှင့် အမျိုးသမီးများပါဝင်သည့် ဒေသခံ (၃၅) ဦးကို မူဆိုကျေးရွာအနီးတွင် ကားများနှင့်အတူ မီးရှို့သတ်ထားသည်ကို KNDF က ညပိုင်းနယ်မြေရှင်းလင်းစဉ် တွေ့ခဲ့ကြရပြီး မီးကျွမ်းနေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းတပ်က မူဆိုရွာမှာ ကင်းစခန်းချထားတဲ့ နယ်ခြားစောင့်တပ် BGF (၁၀၀၄)မှ ရဲဘော် (၄)ဦးကိုပါ သတ်ဖြတ်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာလ (၂၃) နေ့ကတည်းက အင်အား (၂၀၀) နီးပါးရှိသည့် စစ်ကြောင်းဖြင့် ဒီမော့ဆိုမြို့နယ်မှ ဖရူဆိုဖက်သို့ ဦးတည်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းတွင် တပ်စွဲရပ်နားသည့် ကျေးရွာတိုင်း၌ အိမ်များကို ဖေါက်ထွင်းခြင်းကိုပါ လုပ်နေခြင်းဖြစ်သည်။