ကယားျပည္နယ္တြင္ ၿမိဳ႕နယ္(၅)ခု၌ တရားရင္ဆုိင္ေနရသည့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကန္႔ကြက္သူ လူငယ္(၉)ဦးကို ၿမိဳ႕နယ္တစ္ခုတည္းတြင္ အမႈရင္ဆိုင္ခြင့္ျပဳ

ကယားျပည္နယ္တြင္ ၿမိဳ႕နယ္(၅)ခု၌ တရားရင္ဆုိင္ေနရသည့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကန္႔ကြက္သူ လူငယ္(၉)ဦးကို ၿမိဳ႕နယ္တစ္ခုတည္းတြင္ အမႈရင္ဆိုင္ခြင့္ျပဳ
ဒီဇင်ဘာ 29, 2018
By Tachileik News Agency

ကယားျပည္နယ္တြင္း ဗိုလ္ခ်ဳပ္ေၾကးရုပ္ထားရွိမည္ကို ၿမိဳ႕နယ္(၅)ခု၌ ကန္႔ကြက္လႈပ္ရွားမႈအား ၿငိမ္းစုစီဥပေဒအတုိင္း လုိက္နာေဆာင္ရြက္ျခင္း မရိွသျဖင့္ ကန္႔ကြက္လႈပ္ရွားသည့္ ၿမိဳ႕နယ္(၅)ခုတြင္ တရားရင္ဆုိင္ေနသည့္ လူငယ္(၉)ဦး၏ ေလွ်ာက္ထားခ်က္အရ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္ေန႔မွစ၍ ဒီးေမာ့ဆိုၿမိဳ႕နယ္တရားရံုးတစ္ခုတည္းတြင္ အမႈရင္ဆုိင္ခြင့္ေပးလုိက္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔  ၿမိဳ႕နယ္(၅)ခုလုံးကို လွည့္ပတ္သြားၿပီး တရားရင္ဆိုင္ေနရတာ သြားလာရခက္တယ္။ ေငြေရး ေၾကးေရးကလည္း အခက္ခဲရွိတယ္ေပါ့ေလ။ ေနာက္အမႈကလည္း တူတူပဲဆိုေတာ့ တစ္ေနရာတည္း ေပါင္းစစ္ေပးဖို႔ဆိုၿပီး ျပည္နယ္တရားလႊတ္ေတာ္ကို တင္လိုက္တယ္“ ဟု တရားရင္ဆိုင္ေနရသည့္ ကိုဒီးဒီ က ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု တည္ေဆာက္မည္ကို သေဘာမတူေၾကာင္း ကန္႔ကြက္သည့္လႈပ္ရွားမႈအားလုပ္ေဆာင္စဥ္က ၿငိမ္းစုစီဥပေဒအတုိင္း သက္ဆုိင္ရာၿမိဳ႕နယ္အလိုက္ တာဝန္ရိွသူမ်ားထံ အသိေပးအေၾကာင္းၾကားလုပ္ေဆာင္ျခင္းမရိွျခင္းႏွင့္ ယင္းကဲ့သို႔ ကန္႔ကြက္ လႈပ္ရွားစဥ္က ျဖန္႔ေဝခဲ့သည့္ စာရြက္စာတမ္းမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) ျဖင့္ ၎တို႔ ကန္႔ကြက္လႈပ္ရွားမႈမ်ားေဆာင္ရြက္ခဲ့သည့္ လိြဳင္ေကာ္ ၊ ဒီးေမာ့ဆို ၊ ဖရူဆို ၊ ေဘာလခဲ ႏွင့္ ဖားေဆာင္းၿမိဳ႕နယ္မ်ားတြင္ ဦးေဆာင္သည့္လူငယ္(၉)ဦးကို တရားစြဲဆိုထားျခင္းျဖစ္သည္။

အဆိုပါ လူငယ္(၉)ဦးက ၿမိဳ႕နယ္(၅)ခုတြင္ လွည့္လည္၍ တရားရင္ဆုိင္ေနရျခင္းမွာ အခက္အခဲမ်ား ရိွသျဖင့္ ၿမိဳ႕နယ္တစ္ခုတည္းတြင္ တရားရင္ဆုိင္ခြင့္ေပးရန္ ႏိုဝင္ဘာလက ျပည္နယ္တရားလႊတ္ေတာ္သို႔ ေလွ်ာက္ထားခဲ့သျဖင့္ ဒီဇင္ဘာလ (၂၈) ရက္ေန႔မွစ၍  ဒီးေမာ့ဆိုၿမိဳ႕နယ္တစ္ခုတည္းတြင္ တစ္ေပါင္းတည္း တရားရင္ဆိုင္သြားရန္ ျပည္နယ္တရားလႊတ္ေတာ္က ခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) ျဖင့္ ၿမိဳ႕နယ္(၅)ခုတြင္ ဇူလိုင္လမွစ၍ ကန္႔ကြက္လႈပ္ရွားမႈဦးေဆာင္သည့္ လူငယ္ (၁၀) ဦးအား တရားစြဲဆိုထားခဲ့ၿပီး (၁)ဦးမွာ ကယားျပည္နယ္တြင္မရိွသျဖင့္ တရားရင္ဆုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပုံ - ကယန္းမ်ိဳးဆက္သစ္လူငယ္အဖြဲ႕



~~~~~~~~⊰❂Unicode Version ~~~~~~~~

ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည်ကို မြို့နယ်(၅)ခု၌ ကန့်ကွက်လှုပ်ရှားမှုအား ငြိမ်းစုစီဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် ကန့်ကွက်လှုပ်ရှားသည့် မြို့နယ်(၅)ခုတွင် တရားရင်ဆိုင်နေသည့် လူငယ်(၉)ဦး၏ လျှောက်ထားချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်တရားရုံးတစ်ခုတည်းတွင် အမှုရင်ဆိုင်ခွင့်ပေးလိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ မြို့နယ်(၅)ခုလုံးကို လှည့်ပတ်သွားပြီး တရားရင်ဆိုင်နေရတာ သွားလာရခက်တယ်။ ငွေရေး ကြေးရေးကလည်း အခက်ခဲရှိတယ်ပေါ့လေ။ နောက်အမှုကလည်း တူတူပဲဆိုတော့ တစ်နေရာတည်း ပေါင်းစစ်ပေးဖို့ဆိုပြီး ပြည်နယ်တရားလွှတ်တော်ကို တင်လိုက်တယ်“ ဟု တရားရင်ဆိုင်နေရသည့် ကိုဒီးဒီ က ပြောသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်မည်ကို သဘောမတူကြောင်း ကန့်ကွက်သည့်လှုပ်ရှားမှုအားလုပ်ဆောင်စဉ်က ငြိမ်းစုစီဥပဒေအတိုင်း သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများထံ အသိပေးအကြောင်းကြားလုပ်ဆောင်ခြင်းမရှိခြင်းနှင့် ယင်းကဲ့သို့ ကန့်ကွက် လှုပ်ရှားစဉ်က ဖြန့်ဝေခဲ့သည့် စာရွက်စာတမ်းများနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့်၎င်းတို့ ကန့်ကွက်လှုပ်ရှားမှုများဆောင်ရွက်ခဲ့သည့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်များတွင် ဦးဆောင်သည့်လူငယ်(၉)ဦးကို တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ လူငယ်(၉)ဦးက မြို့နယ်(၅)ခုတွင် လှည့်လည်၍ တရားရင်ဆိုင်နေရခြင်းမှာ အခက်အခဲများ ရှိသဖြင့် မြို့နယ်တစ်ခုတည်းတွင် တရားရင်ဆိုင်ခွင့်ပေးရန် နိုဝင်ဘာလက ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားခဲ့သဖြင့် ဒီဇင်ဘာလ (၂၈) ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်တစ်ခုတည်းတွင် တစ်ပေါင်းတည်း တရားရင်ဆိုင်သွားရန် ပြည်နယ်တရားလွှတ်တော်က ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် မြို့နယ်(၅)ခုတွင် ဇူလိုင်လမှစ၍ ကန့်ကွက်လှုပ်ရှားမှုဦးဆောင်သည့် လူငယ် (၁၀) ဦးအား တရားစွဲဆိုထားခဲ့ပြီး (၁)ဦးမှာ ကယားပြည်နယ်တွင်မရှိသဖြင့် တရားရင်ဆိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~