ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ ဆန္တင္လာသည့္ (၂၂)ဘီးယာဥ္တစ္စီး တိမ္းေမွာက္

ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ ဆန္တင္လာသည့္ (၂၂)ဘီးယာဥ္တစ္စီး တိမ္းေမွာက္
နိုဝင်ဘာ 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခုိင္ၿမိဳ႕နယ္ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၅)ရက္ေန႔ နံနက္(၈)နာရီဝန္းက်င္တြင္ ဆန္တင္လာသည့္ (၂၂)ဘီးယာဥ္တစ္စီး တိမ္းေမွာက္၍ ယာဥ္ေမာင္းေသဆံုးၿပီး ယာဥ္အကူဒဏ္ရာရသြားေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္မွာ နမ့္ပဖတ္လြန္းေက်ာက္ေတာင္ကုန္းဆင္း မုိင္တုိင္အမွတ္ (၂၃၆)ႏွင့္ (၂၃၇)ၾကားတြင္ တိမ္းေမွာက္သြားျခင္းျဖစ္ၿပီး အခင္းျဖစ္ေနရာသို႔ ေမတၱာရွင္လူမႈကူညီေရးအသင္း နမ့္ဖတ္ကာ၊ ဂရုဏာလူမႈကူညီေရးအသင္း (မူဆယ္)၊ ျဗဟၼစိုရ္ႏွလံုးသားလူမႈကူညီေရးအသင္း (ကြတ္ခိုင္)၊ ျမန္မာႏုိင္ငံ မီးသတ္တပ္ဖြဲ႕စခန္း (နမ့္ဖတ္ကာ)တို႔ သြားေရာက္ကူညီေပးခဲ့ၿပီး ေသဆံုးသူအား ကြတ္ခုိင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ယာဥ္အကူမွာ ပြန္းပဲ့ဒဏ္ရာအနည္းငယ္သာရသြားေၾကာင္း သိရၿပီး အခင္းျဖစ္ေနရာကို တာဝန္ရိွသူမ်ားက စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ေမတၱာရွင္လူမႈကူညီေရးအသင္း နမ့္ဖတ္ကာ

~~~~~~~~⊰❂ unicode ~~~~~~~~
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းကျေးရွာအနီးတွင် ဆန်တင်လာသည့် (၂၂)ဘီးယာဉ်တစ်စီး တိမ်းမှောက်
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်တွင် ဆန်တင်လာသည့် (၂၂)ဘီးယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်းသေဆုံးပြီး ယာဉ်အကူဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်မှာ နမ့်ပဖတ်လွန်းကျောက်တောင်ကုန်းဆင်း မိုင်တိုင်အမှတ် (၂၃၆)နှင့် (၂၃၇)ကြားတွင် တိမ်းမှောက်သွားခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖတ်ကာ၊ ဂရုဏာလူမှုကူညီရေးအသင်း (မူဆယ်)၊ ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်း (ကွတ်ခိုင်)၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့စခန်း (နမ့်ဖတ်ကာ)တို့ သွားရောက်ကူညီပေးခဲ့ပြီး သေဆုံးသူအား ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်အကူမှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရသွားကြောင်း သိရပြီး အခင်းဖြစ်နေရာကို တာဝန်ရှိသူများက စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မေတ္တာရှင်လူမှုကူညီရေးအသင်း နမ့်ဖတ်ကာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~