နောင်ချိုမြို့မှ စရဖ တစ်ဦးတွင် Covid-19 ပိုးတွေ့

နောင်ချိုမြို့မှ စရဖ တစ်ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်) နောင်ချိုမြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့၏ Covid-19 အဖြေအရ ပိုးတွေ့သူ (၁၅)ဦးထပ်တိုးရာ စရဖဟု လူသိများသည့် စစ်ဘက်ရေးရာလုံခြုံ​ရေးတပ်(စရတ)မှ တပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ယနေ့ ဇွန်လ(၂၆)ရက်နေ့တွင် (၇၀)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာတွင် အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၁၅)ဦးတွင် Covid-19 ပိုးတွေ့ရှိခြင်းဖြစ်သည်။

ပိုးတွေ့သည့် စရဖမှာ အသက်(၅၀)အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့် ကျန်းမာရေးအခြေအနေကိုတော့ မသိရပါ။

နောင်ချိုမြို့တွင် ယနေ့ ဇွန်လ(၂၆)ရက်နေ့၌ အသစ်ထပ်တိုးသည့် (၁၅)ဦး အပါအဝင် စုစုပေါင်း Covid-19 အတည်ပြုလူနာ(၁၄၉)ဦးအထိ ရှိနေပြီး အားလုံးမှာ ကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း၌ လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း၌ ရက်ပေါင်း (၂၀)အတွင်း Covid-19 အတည်ပြုလူနာ (၅၇၀)ကျော်အထိ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency