မူဆယ္ႏွင့္ ေလာက္ကိုင္သို႔ သယ္သည့္ ေက်ာက္စိမ္းႏွင့္သစ္မ်ား၊ က်ိဳင္းတံု၊ေတာင္ႀကီးႏွင့္ မႏၱေလးသို႔ သယ္သည့္ အေကာက္ခြန္မဲ့ပစၥည္းမ်ား ဖမ္းမိ

မူဆယ္ႏွင့္ ေလာက္ကိုင္သို႔ သယ္သည့္ ေက်ာက္စိမ္းႏွင့္သစ္မ်ား၊ က်ိဳင္းတံု၊ေတာင္ႀကီးႏွင့္ မႏၱေလးသို႔ သယ္သည့္ အေကာက္ခြန္မဲ့ပစၥည္းမ်ား ဖမ္းမိ
နိုဝင်ဘာ 25, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းရိွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ေလာက္ကိုင္ႏွင့္ မူဆယ္သို႔ တရားမဝင္သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားႏွင့္သစ္မ်ား၊ က်ိဳင္းတံု၊ေတာင္ႀကီးႏွင့္ မႏၱေလးသို႔ သယ္လာသည့္ အေကာက္ခြန္မဲ့ပစၥည္းမ်ားကို ဖမ္းမိထားေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၅)ရက္ေန႔က စစ္ေဆးရာ နံနက္(၂)နာရီခြဲအခ်ိန္၌ မႏၱေလးမွ မူဆယ္သို႔ထြက္ခြာလာသည့္ ခရီးသည္တင္ယာဥ္၏ ၾကမ္းခင္းအတြင္း အံဝွက္ျဖင့္သယ္လာသည့္သစ္မ်ားကို ဖမ္းဆီးရမိၿပီးေနာက္ ေန႔လယ္(၁)နာရီအခ်ိန္တြင္ လားရိႈးမွ ေလာက္ကိုင္ႏွင့္ မႏၱေလးမွ မူဆယ္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီး၏ၾကမ္းခင္းအံဝွက္အတြင္း ေက်ာက္စိမ္းျဖတ္စမ်ားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဆးေရးစခန္းတြင္ ႏိုဝင္ဘာလ(၂၄)ရက္ေန႔ ညေန(၅)နာရီမွ ည(၉)နာရီခြဲၾကားတြင္လည္း မူဆယ္မွ က်ိဳင္းတံု၊ ေတာင္ႀကီးႏွင့္ မႏၱေလးတို႔သို႔သြားမည့္ ခရီးသည္တင္ယာဥ္(၃)စီးတြင္ တရုတ္ႏုိင္ငံမွ အေကာက္ခြန္မဲ့တင္သြင္းလာသည့္ ပစၥည္း (၈)မ်ိဳးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်နှင့် လောက်ကိုင်သို့ သယ်သည့် ကျောက်စိမ်းနှင့်သစ်များ၊ ကျိုင်းတုံ၊တောင်ကြီးနှင့် မန္တလေးသို႔ သယ်သည့် အကောက်ခွန်မဲ့ပစ္စည်းများ  ဖမ်းမိ
**************
မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် လောက်ကိုင်နှင့် မူဆယ်သို့ တရားမဝင်သယ်လာသည့် ကျောက်စိမ်းဖြတ်စများနှင့်သစ်များ၊ ကျိုင်းတုံ၊တောင်ကြီးနှင့် မန္တလေးသို့ သယ်လာသည့် အကောက်ခွန်မဲ့ပစ္စည်းများကို ဖမ်းမိထားကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့က စစ်ဆေးရာ နံနက်(၂)နာရီခွဲအချိန်၌ မန္တလေးမှ မူဆယ်သို့ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်၏ ကြမ်းခင်းအတွင်း အံဝှက်ဖြင့်သယ်လာသည့်သစ်များကို ဖမ်းဆီးရမိပြီးနောက် နေ့လယ်(၁)နာရီအချိန်တွင် လားရှိုးမှ လောက်ကိုင်နှင့် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီး၏ကြမ်းခင်းအံဝှက်အတွင်း ကျောက်စိမ်းဖြတ်စများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းတွင် နိုဝင်ဘာလ(၂၄)ရက်နေ့ ညနေ(၅)နာရီမှ ည(၉)နာရီခွဲကြားတွင်လည်း မူဆယ်မှ ကျိုင်းတုံ၊ တောင်ကြီးနှင့် မန္တလေးတို့သို့သွားမည့် ခရီးသည်တင်ယာဉ်(၃)စီးတွင် တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့တင်သွင်းလာသည့် ပစ္စည်း (၈)မျိုးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~