လားရိႈးၿမိဳ႕နယ္ တရားရံုးအခ်ဳပ္ေဖာက္ေျပးသူမ်ားႏွင့္ အားေပးကူညီသူမ်ားကို အမႈဖြင့္အေရးယူထား

လားရိႈးၿမိဳ႕နယ္ တရားရံုးအခ်ဳပ္ေဖာက္ေျပးသူမ်ားႏွင့္ အားေပးကူညီသူမ်ားကို အမႈဖြင့္အေရးယူထား
အောက်တိုဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕နယ္တရားရုံးအခ်ဳပ္ေဖာက္ေျပးသူ(၂)ဦးႏွင့္ ကူညီအားေပးသူ (၂)ဦးတို႔ကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၂၄ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕နယ္တရားရံုး အမႈရင္ဆုိင္ေနသူ (၇၆)ဦးကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔က တရားရံုးအခ်ဳပ္တြင္ ထိန္းသိမ္းထားစဥ္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၂)ႏွစ္ႏွင့္ (၃)လက်ခံထားရသည့္ စိုင္းလူႏွင့္ ရာႀကီးအမွတ္(၃၃၅/၁၈)၊ မူး/စိတ္ ပုဒ္မ-၁၉(က)/၂၁ ျဖင့္ စစ္ေဆးခံလ်က္ရိွသည့္ အိုက္ဟန္(ခ) ရွမ္းေလး(ခ) အိုက္ေမာင္တို႔ (၂)ဦးက အခ်ဳပ္ခန္းအမိုးသြပ္ကိုေဖာက္၍ ထြက္ေျပးခဲ့ၾကျခင္းျဖစ္သည္။

ထြက္ေျပးသူ(၂)ဦးကို နာရီပိုင္းအတြင္း ျပန္လည္ဖမ္းမိေသာ္လည္း တစ္ဦးမွာ ထြက္ေျပးစဥ္ လံုၿခံဳေရးတာဝန္ရိွသူက ေျခာက္လွန္႔ပစ္ခတ္လုိက္ရာ တင္ပါးတြင္ ဒဏ္ရာရသြားၿပီး အုတ္တံတုိင္းမွ ခုန္ခ်စဥ္ ဦးေခါင္းဒဏ္ရာရသြားသျဖင့္ လားရိႈးျပည္သူ႔ေဆးရံုသို႔တင္ပို႔ကုသေပးေသာ္လည္း ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

အဆိုပါထြက္ေျပးသူ(၂)ဦးမွာ တရားရင္ဆုိင္ေနသူ (၁၉)ဦးကို ထိန္းသိမ္းထားသည့္ အခ်ဳပ္ခန္း(၃)မွ ထြက္ေျပးၾကျခင္းျဖစ္ၿပီး အခ်ဳပ္ခန္းအတြင္း အတူရိွေနသည့္ ဆမ္ေပါင္(ခ)အိုက္ေပါင္းက စိုင္းလူႏွင့္အတူ အခ်ဳပ္ခန္းသြပ္မိုးမ်ားကို ကန္၍ ဖ်က္ဆီးခဲ့ၿပီး စိုင္းအြမ္က ထြက္ေျပးရန္ ေအာ္ဟစ္ခဲ့သျဖင့္ ကူညီသူ (၂)ဦးကိုပါ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

အခ်ဳပ္ေဖာက္၍ထြက္ေျပးသည့္ စိုင္းလူႏွင့္ အိုက္ဟန္(ခ)ရွမ္းေလး(ခ)အိုက္ေမာင္၊ အားေပးကူညီသူ ဆမ္ေပါက္(ခ)အိုက္ေပါင္းႏွင့္ စိုင္းအြမ္တို႔ကို (ပ) ၄၈၀/၁၈၊ ရာဇသတ္ၾကီးဥပေဒပုဒ္မ- ၂၂၄ ျဖင့္ အမႈဖြင့္ထားၿပီး စိုင္းလူေသဆံုးမႈႏွင့္ပတ္သက္၍ ေသမႈေသခင္းအမွတ္စဥ္ ၄၂/၂၀၁၈ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ် တရားရုံးအချုပ်ဖောက်ပြေးသူများနှင့် အားပေးကူညီသူများကို အမှုဖွင့်အရေးယူထား
****************
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မြို့နယ်တရားရုံးအချုပ်ဖောက်ပြေးသူ(၂)ဦးနှင့် ကူညီအားပေးသူ (၂)ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

လားရှိုးမြို့နယ်တရားရုံး အမှုရင်ဆိုင်နေသူ (၇၆)ဦးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့က တရားရုံးအချုပ်တွင် ထိန်းသိမ်းထားစဉ် အလုပ်နှင့် ထောင်ဒဏ် (၁၂)နှစ်နှင့် (၃)လကျခံထားရသည့် စိုင်းလူနှင့် ရာကြီးအမှတ်(၃၃၅/၁၈)၊ မူး/စိတ် ပုဒ်မ-၁၉(က)/၂၁ ဖြင့် စစ်ဆေးခံလျက်ရှိသည့် အိုက်ဟန်(ခ) ရှမ်းလေး(ခ) အိုက်မောင်တို့ (၂)ဦးက အချုပ်ခန်းအမိုးသွပ်ကိုဖောက်၍ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ထွက်ပြေးသူ(၂)ဦးကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းမိသော်လည်း တစ်ဦးမှာ ထွက်ပြေးစဉ် လုံခြုံရေးတာဝန်ရှိသူက ခြောက်လှန့်ပစ်ခတ်လိုက်ရာ တင်ပါးတွင် ဒဏ်ရာရသွားပြီး အုတ်တံတိုင်းမှ ခုန်ချစဉ် ဦးခေါင်းဒဏ်ရာရသွားသဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့တင်ပို့ကုသပေးသော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါထွက်ပြေးသူ(၂)ဦးမှာ တရားရင်ဆိုင်နေသူ (၁၉)ဦးကို ထိန်းသိမ်းထားသည့် အချုပ်ခန်း(၃)မှ ထွက်ပြေးကြခြင်းဖြစ်ပြီး အချုပ်ခန်းအတွင်း အတူရှိနေသည့် ဆမ်ပေါင်(ခ)အိုက်ပေါင်းက စိုင်းလူနှင့်အတူ အချုပ်ခန်းသွပ်မိုးများကို ကန်၍ ဖျက်ဆီးခဲ့ပြီး စိုင်းအွမ်က ထွက်ပြေးရန် အော်ဟစ်ခဲ့သဖြင့် ကူညီသူ (၂)ဦးကိုပါ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အချုပ်ဖောက်၍ထွက်ပြေးသည့် စိုင်းလူနှင့် အိုက်ဟန်(ခ)ရှမ်းလေး(ခ)အိုက်မောင်၊ အားပေးကူညီသူ ဆမ်ပေါက်(ခ)အိုက်ပေါင်းနှင့် စိုင်းအွမ်တို့ကို (ပ) ၄၈၀/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၂၄ ဖြင့် အမှုဖွင့်ထားပြီး စိုင်းလူသေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် ၄၂/၂၀၁၈ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~