ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ကင္းေစာင့္ေနသည့္ ရဲတပ္သားထံမွ ဘိန္းျဖဴဖမ္းမိၿပီး ေရာင္းခ်ေပးသည့္ ရဲတပ္သားကိုပါ ထပ္မံဖမ္းမိ

ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ကင္းေစာင့္ေနသည့္ ရဲတပ္သားထံမွ ဘိန္းျဖဴဖမ္းမိၿပီး ေရာင္းခ်ေပးသည့္ ရဲတပ္သားကိုပါ ထပ္မံဖမ္းမိ
ဖေဖော်ဝါရီ 17, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ဗဟိုကင္းတာဝန္က် ရဲတပ္သားထံမွ ဘိန္းျဖဴ (၀.၃)ဂရမ္ကို ဖမ္းဆီးရမိထားၿပီး တစ္ဆင့္ျပန္လည္ေရာင္းခ်ေပးသည့္ ရဲတပ္သားကိုပါ ထပ္မံဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ၿမိဳ႕မရဲစခန္းတြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၆)ရက္ေန႔ ညေန (၄)နာရီအခ်ိန္က မူးယစ္သတင္းအရ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္ အဖြဲ႕ႏွင့္အတူ ဗဟိုရဲကင္းတာဝန္က်ေနသည့္ ရဲတပ္သား စိုင္းၿဖိဳးေဝအား စစ္ေဆးရာ အက်ီ ၤအိတ္ အတြင္းထည့္ထားသည့္ ဘိန္းျဖဴ (၀.၃)ဂရမ္ကို သိမ္းဆည္းရမိျခင္းျဖစ္ၿပီး ဘိန္းျဖဴေရာင္းခ်ေပးသည့္ ရဲတပ္သား ေဝလင္းဦးကိုပါ ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္သားေဝလင္းဦးက အျပင္မွ ဘိန္းျဖဴဝယ္ယူလာၿပီး ရဲစခန္းတြင္ တန္းစီလူစစ္ေဆးၿပီးခ်ိန္၌ တပ္သား စိုင္းၿဖိဳးေဝက မူးယစ္ေဆးလိုခ်င္ေၾကာင္းေျပာသျဖင့္ ၎ဝယ္လာသည့္ဘိန္းျဖဴကို ျပန္လည္ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းျဖဴႏွင့္အတူ ဖမ္းမိသည့္ ရဲတပ္သား(၂)ဦးကို ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ( ပ ) ၁၁ / ၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆ ( ဂ )/ ၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောက်မဲမြို့မရဲစခန်းတွင် ကင်းစောင့်နေသည့် ရဲတပ်သားထံမှ ဘိန်းဖြူဖမ်းမိပြီး ရောင်းချပေးသည့် ရဲတပ်သားကိုပါ ထပ်မံဖမ်းမိ
*****************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မြို့မရဲစခန်းတွင် ဗဟိုကင်းတာဝန်ကျ ရဲတပ်သားထံမှ ဘိန်းဖြူ (ဝ.၃)ဂရမ်ကို ဖမ်းဆီးရမိထားပြီး တစ်ဆင့်ပြန်လည်ရောင်းချပေးသည့် ရဲတပ်သားကိုပါ ထပ်မံဖမ်းဆီးရမိထားကြောင်း သိရသည်။

မြို့မရဲစခန်းတွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ ညနေ (၄)နာရီအချိန်က မူးယစ်သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့် အဖွဲ့နှင့်အတူ ဗဟိုရဲကင်းတာဝန်ကျနေသည့် ရဲတပ်သား စိုင်းဖြိုးဝေအား စစ်ဆေးရာ အကျီ ၤအိတ် အတွင်းထည့်ထားသည့် ဘိန်းဖြူ (ဝ.၃)ဂရမ်ကို သိမ်းဆည်းရမိခြင်းဖြစ်ပြီး ဘိန်းဖြူရောင်းချပေးသည့် ရဲတပ်သား ဝေလင်းဦးကိုပါ ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်သားဝေလင်းဦးက အပြင်မှ ဘိန်းဖြူဝယ်ယူလာပြီး ရဲစခန်းတွင် တန်းစီလူစစ်ဆေးပြီးချိန်၌ တပ်သား စိုင်းဖြိုးဝေက မူးယစ်ဆေးလိုချင်ကြောင်းပြောသဖြင့် ၎င်းဝယ်လာသည့်ဘိန်းဖြူကို ပြန်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းဖြူနှင့်အတူ ဖမ်းမိသည့် ရဲတပ်သား(၂)ဦးကို ကျောက်မဲမြို့မရဲစခန်းတွင် မယ( ပ ) ၁၁ / ၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ ( ဂ )/ ၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~