လိြဳင္လင္ျပည္သူ႔ေဆးရံုတြင္ လူနာေစာင့္ေဆးေၾကာင္ၿပီး ကိုယ္ဝန္ေဆာင္တစ္ဦးႏွင့္ သူနာျပဳမ်ားကို ကတ္ေၾကးျဖင့္လုိက္ထိုး

လိြဳင္လင္ျပည္သူ႔ေဆးရံုတြင္ လူနာေစာင့္ေဆးေၾကာင္ၿပီး ကိုယ္ဝန္ေဆာင္တစ္ဦးႏွင့္ သူနာျပဳမ်ားကို ကတ္ေၾကးျဖင့္လုိက္ထိုး
အောက်တိုဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) လိြဳင္လင္ၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးရံုလူနာေစာင့္တစ္ဦး ေဆးေၾကာင္ၿပီး သားဖြားမီးယပ္ေဆာင္ရိွ ေဆးႏွင့္ေဆးပစၥည္းမ်ား ဖ်က္ဆီးကာ ကိုယ္ဝန္ေဆာင္ဝန္ထမ္းတစ္ဦးနွင့္ သူနာျပဳမ်ားအား ကတ္ေၾကးျဖင့္ လိုက္ထိုးသျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။

ျပည္သူ႔ေဆးရံုႀကီး၌ လူနာေစာင့္ေနသည့္ အသက္(၂၃)ႏွစ္အရြယ္ စိုင္းလင္းေခါင္သည္  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၃၀) ရက္ေန႔ ညေန(၅)နာရီ (၁၀)မိနစ္ဝန္းက်င္က ေဆးေၾကာင္ၿပီး သားဖြားမီးယပ္ေဆာင္ရွိ ေဆးပစၥည္းမ်ားႏွင့္ ထိုင္ခုံတို႔အား ႐ိုက္ခြဲဖ်က္ဆီးျခင္း၊ တံခါးမ်ားအား ေျခေထာက္ျဖင့္ကန္ျခင္းမ်ား ျပဳလုပ္ၿပီး ေဆးရံုသန္႔ရွင္းေရးလုပ္သား ကိုယ္ဝန္ေဆာင္ ေဒၚေကာ္နီႏွင့္ သူနာျပဳမ်ားအား ကတ္ေၾကးျဖင့္ လိုက္လံထိုးခဲ့ေၾကာင္း သိရသည္။

ထြက္ေျပးခဲ့ရသျဖင့္ ကိုယ္ဝန္ေဆာင္ ေဒၚေကာ္နီမွာ ဗိုက္ေအာင့္ေဝဒနာခံစားရသျဖင့္ လိုအပ္သည့္ စစ္ေဆးကုသမႈမ်ား လုပ္ေဆာင္ေပးထားၿပီး စိုးရိမ္ရသည့္အေျခအေနတြင္မရိွေၾကာင္း သိရသည္။

ေဆးရံုအတြင္း အျခားသူမ်ားအႏၱရာယ္ျပဳရန္ႀကိဳးစားေနသည့္ စိုင္းလင္းေခါင္အား (၁၀)မိနစ္ခန္႔အၾကာတြင္ ရဲတပ္ဖြဲ႕က ထိန္းသိမ္းႏုိင္ခဲ့ၿပီး  လြိဳင္လင္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၉/၂၀၁၈၊ ပပက ၆(၁)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်လင်ပြည်သူ့ဆေးရုံတွင် လူနာစောင့်ဆေးကြောင်ပြီး ကိုယ်ဝန်ဆောင်တစ်ဦးနှင့် သူနာပြုများကို ကတ်ကြေးဖြင့်လိုက်ထိုး
****************
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံလူနာစောင့်တစ်ဦး ဆေးကြောင်ပြီး သားဖွားမီးယပ်ဆောင်ရှိ ဆေးနှင့်ဆေးပစ္စည်းများ ဖျက်ဆီးကာ ကိုယ်ဝန်ဆောင်ဝန်ထမ်းတစ်ဦးနှင့် သူနာပြုများအား ကတ်ကြေးဖြင့် လိုက်ထိုးသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ပြည်သူ့ဆေးရုံကြီး၌ လူနာစောင့်နေသည့် အသက်(၂၃)နှစ်အရွယ် စိုင်းလင်းခေါင်သည်  ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ(၅)နာရီ (၁၀)မိနစ်ဝန်းကျင်က ဆေးကြောင်ပြီး သားဖွားမီးယပ်ဆောင်ရှိ ဆေးပစ္စည်းများနှင့် ထိုင်ခုံတို့အား ရိုက်ခွဲဖျက်ဆီးခြင်း၊ တံခါးများအား ခြေထောက်ဖြင့်ကန်ခြင်းများ ပြုလုပ်ပြီး ဆေးရုံသန့်ရှင်းရေးလုပ်သား ကိုယ်ဝန်ဆောင် ဒေါ်ကော်နီနှင့် သူနာပြုများအား ကတ်ကြေးဖြင့် လိုက်လံထိုးခဲ့ကြောင်း သိရသည်။

ထွက်ပြေးခဲ့ရသဖြင့် ကိုယ်ဝန်ဆောင် ဒေါ်ကော်နီမှာ ဗိုက်အောင့်ဝေဒနာခံစားရသဖြင့် လိုအပ်သည့် စစ်ဆေးကုသမှုများ လုပ်ဆောင်ပေးထားပြီး စိုးရိမ်ရသည့်အခြေအနေတွင်မရှိကြောင်း သိရသည်။

ဆေးရုံအတွင်း အခြားသူများအန္တရာယ်ပြုရန်ကြိုးစားနေသည့် စိုင်းလင်းခေါင်အား (၁၀)မိနစ်ခန့်အကြာတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့ပြီး  လွိုင်လင်မြို့မရဲစခန်းတွင် (ပ)၆၉/၂၀၁၈၊ ပပက ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~