လားရႈိးၿမိ႕ YMCA အသင္းက အခြင့္အလမ္းနည္းပါးေသာ လူငယ္မ်ား၏ ဘဝျမႇင့္တင္ေရး အတြက္ စီမံခ်က္မ်ားျဖင့္ လုပ္ေဆာင္သြားမည္

လားရႈိးၿမိ႕ YMCA အသင္းက အခြင့္အလမ္းနည္းပါးေသာ လူငယ္မ်ား၏ ဘဝျမႇင့္တင္ေရး အတြက္ စီမံခ်က္မ်ားျဖင့္ လုပ္ေဆာင္သြားမည္
စက်တင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ ( ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕ YMCA အသင္းက အခြင့္အလမ္းနည္းပါးေသာ လူငယ္မ်ား၏ ဘဝျမႇင့္တင္ေရး စီမံခ်က္အျဖစ္ လူငယ္(၁၀၆)ဦးကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလကုန္မွ စတင္၍ (၃)ႏွစ္အတြင္း သက္ေမြးဝမ္းေၾကာင္းပညာသင္ၾကားေပးျခင္းႏွင့္ ဘဝရပ္တည္ႏိုင္ေရးအတြက္ ကူညီပံ့ပိုးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အဓိကကေတာ့ လူမႈစိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တာေတြကို ျပဳျပင္ေျပာင္းလဲတာေတြကို အရင္လုပ္တယ္။ ဒုတိယအဆင့္မွာ သူတို႔တကယ္ စိတ္ဝင္စားတဲ့ အသက္ေမြးဝမ္းေၾကာင္း ပညာရပ္တစ္ခုခုကို ကၽြမ္းက်င္ပိုင္ႏိုင္ ေအာင္သင္ၾကားေပးမယ္။ ေနာက္ဆံုး ပညာသင္ကာလမွာ သူတတ္ေျမာက္ ကၽြမ္းက်င္ထားတဲ့ အသက္ေမြးဝမ္း ေၾကာင္းပညာနဲ႔ ရပ္တည္ႏိုင္ဖို႔အတြက္ ပံ့ပိုးကူညီတာေတြ လုပ္ေပးသြားမွာျဖစ္ပါတယ္။ လားရိႈးမွာပဲ သင္ေပး သြားမွာျဖစ္ပါတယ္ ”ဟု YMCA လားရိႈးရံုးမွ အတြင္းေရးမွဴး ေဒၚေဘာက္ေအာန္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ သင္တန္းတြင္ အသက္ (၁၅) ႏွစ္မွ (၃၅) ႏွစ္အရြယ္ လားရိႈးၿမိဳ႕နယ္အတြင္းမွ အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ အသက္ေမြးအတတ္ပညာသင္ယူရန္ အခက္အခဲျဖစ္ေနေသာ လူငယ္မ်ား၊ အလုပ္အကိုင္ အခြင့္အလမ္းနည္းပါးၿပီး ဝင္ေငြနည္းပါးေသာလူငယ္မ်ားႏွင့္ ခြဲျခားဆက္ဆံခံရေသာ လူငယ္မ်ားကို ေရြးခ်ယ္ကာ ဘဝရပ္တည္ႏုိင္ေရး သင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

အေျခခံစာေရးစာဖတ္၊ ေဒသတြင္း စီးပြားေရး ျပန္လည္ လုပ္ကိုင္ႏိုင္ရန္ အသက္ေမြးဝမ္းေက်ာင္း သင္တန္းမ်ား၊ စီးပြားေရးစီမံခန္႔ခြဲမႈသင္တန္း၊ ဘဝတြက္တာကၽြမ္းက်င္စရာသင္တန္း၊ ႏိုင္ငံသား ပညာေရး သင္တန္းမ်ား ပါဝင္မည္ျဖစ္ၿပီး သင္တန္းေၾကး ေပးေဆာင္ရန္မလိုေၾကာင္း သိရသည္။

အခြင့္အလမ္း နည္းပါးေသာ လူငယ္မ်ား၏ ဘဝျမႇင့္တင္ေရးစီမံကိန္းႏွင့္ International Sign Language’s Day ( and ) Fresher Wellcome အခမ္းအနားကို YMCA ရံုးခ်ဳပ္ႏွင့္ YMCA လားရိႈးတို႔က ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၂) ရက္ေန႔တြင္ လားရိႈးမိုတယ္၌ က်င္းပရာ လူဦးေရ (၁၅၀)ခန္႔ တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ပထမဦးဆံုးအျဖစ္ ျပဳလုပ္ျခင္းျဖစ္ေသာ္လည္း ေတာင္ႀကီးၿမိဳ႕၊ မအူပင္ၿမိဳ႕ႏွင့္ မုံရြာၿမိဳ႕တို႔တြင္ ယခင္ႏွစ္မ်ားက ဖြင့္လွစ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) လားရှိုးမြို့ YMCA အသင်းက အခွင့်အလမ်းနည်းပါးသော လူငယ်များ၏ ဘဝမြှင့်တင်ရေး စီမံချက်အဖြစ် လူငယ်(၁၀၆)ဦးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကုန်မှ စတင်၍ (၃)နှစ်အတွင်း သက်မွေးဝမ်းကြောင်းပညာသင်ကြားပေးခြင်းနှင့် ဘဝရပ်တည်နိုင်ရေးအတွက် ကူညီပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လူမှုစိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကို ပြုပြင်ပြောင်းလဲတာတွေကို အရင်လုပ်တယ်။ ဒုတိယအဆင့်မှာ သူတို့တကယ် စိတ်ဝင်စားတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင် အောင်သင်ကြားပေးမယ်။ နောက်ဆုံး ပညာသင်ကာလမှာ သူတတ်မြောက် ကျွမ်းကျင်ထားတဲ့ အသက်မွေးဝမ်း ကြောင်းပညာနဲ့ ရပ်တည်နိုင်ဖို့အတွက် ပံ့ပိုးကူညီတာတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။ လားရှိုးမှာပဲ သင်ပေး သွားမှာဖြစ်ပါတယ် ”ဟု YMCA လားရှိုးရုံးမှ အတွင်းရေးမှူး ဒေါ်ဘောက်အောန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းတွင် အသက် (၁၅) နှစ်မှ (၃၅) နှစ်အရွယ် လားရှိုးမြို့နယ်အတွင်းမှ အကြောင်း အမျိုးမျိုး ကြောင့် အသက်မွေးအတတ်ပညာသင်ယူရန် အခက်အခဲဖြစ်နေသော လူငယ်များ၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး ဝင်ငွေနည်းပါးသောလူငယ်များနှင့် ခွဲခြားဆက်ဆံခံရသော လူငယ်များကို ရွေးချယ်ကာ ဘဝရပ်တည်နိုင်ရေး သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံစာရေးစာဖတ်၊ ဒေသတွင်း စီးပွားရေး ပြန်လည် လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်း၊ ဘဝတွက်တာကျွမ်းကျင်စရာသင်တန်း၊ နိုင်ငံသား ပညာရေး သင်တန်းများ ပါဝင်မည်ဖြစ်ပြီး သင်တန်းကြေး ပေးဆောင်ရန်မလိုကြောင်း သိရသည်။

အခွင့်အလမ်း နည်းပါးသော လူငယ်များ၏ ဘဝမြှင့်တင်ရေးစီမံကိန်းနှင့် International Sign Language’s Day ( and ) Fresher Wellcome အခမ်းအနားကို YMCA ရုံးချုပ်နှင့် YMCA လားရှိုးတို့က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် လားရှိုးမိုတယ်၌ ကျင်းပရာ လူဦးရေ (၁၅၀)ခန့် တက်ရောက်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပထမဦးဆုံးအဖြစ် ပြုလုပ်ခြင်းဖြစ်သော်လည်း တောင်ကြီးမြို့၊ မအူပင်မြို့နှင့် မုံရွာမြို့တို့တွင် ယခင်နှစ်များက ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~