မူးယစ္ေဆးထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဓါတုပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္လာသည့္ ေမာ္ေတာ္ယာဥ္ (၂)စီးကို မိုင္းရယ္တြင္ ဖမ္းမိ

မူးယစ္ေဆးထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဓါတုပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္လာသည့္ ေမာ္ေတာ္ယာဥ္ (၂)စီးကို မိုင္းရယ္တြင္ ဖမ္းမိ
စက်တင်ဘာ 5, 2018
By Tachileik News Agency
မူးယစ္ေဆးထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဓါတုပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္ လာသည့္ (၂၂)ဘီးယာဥ္ (၂)စီးႏွင့္ လမ္းရွင္းေပးသည့္ ေရွ႕ေျပးတို႔အား ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၄)ရက္ေန႔ ေန႔လယ္ပိုင္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မုိင္းရယ္ၿမိဳ႕တြင္ ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၃)တန္႔ယန္းမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မိုင္းရယ္ၿမိဳ႕နယ္၊ နားလီေက်း႐ြာတြင္ လွျမင့္ေမာင္းႏွင္၍ ေက်ာ္ဦးႏွင့္ လင္းေအာင္တို႔ လိုက္ပါလာသည့္ HYUNDAI (၂၂)ဘီးယာဥ္ႏွင့္ ေဇာ္ေဇာ္ ေမာင္းႏွင္၍ ေက်ာ္မင္းထြန္း လိုက္ပါလာသည့္ SINOTERUK (၂၂)ဘီးယာဥ္တို႔အား ရွာေဖြရာ ဟိုဒ႐ိုကလိုရစ္အက္စစ္ (၃,၂၄၀) လီတာ၊ အီသိုင္းအီသာ (၁၅,၈၄၀) လီတာ၊ ကဖင္း (၂၂၅) ကီလို၊ ဘြိဳင္လာအိုး (၅) လုံး၊ ႁပြန္ပိုက္ (၄) လုံး၊ ေမာ္တာ (၄) လုံးႏွင့္ လက္ကိုင္ဖုန္း( ၅) လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕သည္ ေမာ္ေတာ္ယာဥ္(၂)စီးကို လမ္းရွင္းေပးသည့္ အိုက္ေခး(ခ)ကြမ္းေခးကို ၎ေမာင္းႏွင္လာသည့္ PAJERO ေမာ္ေတာ္ယာဥ္၊ ေငြက်ပ္ (၃၀) သိန္းတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသည့့္ လွျမင့္၊ လင္းေအာင္၊ ေက်ာ္ဦး၊ ေဇာ္ေဇာ္၊ ေက်ာ္မင္းထြန္းႏွင့္ အိုက္ေခး(ခ)ကြမ္းေခးတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲ ေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

မူးယစ္ေဆးထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဓါတုပစၥည္းမ်ားျဖစ္သည့္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ (၂၆,၀၀၀)လီတာ၊ အီသိုင္းအီသာ(၂၅,၀၀၀)လီတာ၊ အက္ဆီတံုး (၁၇,၀၀၀)လီတာႏွင့္ ကဖင္း (၂,၁၀၀)ကီလိုတို႔ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၉)ရက္ေန႔ႏွင့္ (၃၀)ရက္ေန႔တို႔တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္အတြင္း၌ ဖမ္းဆီးရမိထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင် လာသည့် (၂၂)ဘီးယာဉ် (၂)စီးနှင့် လမ်းရှင်းပေးသည့် ရှေ့ပြေးတို့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့တွင် ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၃)တန့်ယန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ နားလီကျေးရွာတွင် လှမြင့်မောင်းနှင်၍ ကျော်ဦးနှင့် လင်းအောင်တို့ လိုက်ပါလာသည့် HYUNDAI (၂၂)ဘီးယာဉ်နှင့် ဇော်ဇော် မောင်းနှင်၍ ကျော်မင်းထွန်း လိုက်ပါလာသည့် SINOTERUK (၂၂)ဘီးယာဉ်တို့အား ရှာဖွေရာ ဟိုဒရိုကလိုရစ်အက်စစ် (၃,၂၄၀) လီတာ၊ အီသိုင်းအီသာ (၁၅,၈၄၀) လီတာ၊ ကဖင်း (၂၂၅) ကီလို၊ ဘွိုင်လာအိုး (၅) လုံး၊ ပြွန်ပိုက် (၄) လုံး၊ မော်တာ (၄) လုံးနှင့် လက်ကိုင်ဖုန်း( ၅) လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်(၂)စီးကို လမ်းရှင်းပေးသည့် အိုက်ခေး(ခ)ကွမ်းခေးကို၎င်းမောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်၊ ငွေကျပ် (၃၀) သိန်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် လှမြင့်၊ လင်းအောင်၊ ကျော်ဦး၊ ဇော်ဇော်၊ ကျော်မင်းထွန်းနှင့် အိုက်ခေး(ခ)ကွမ်းခေးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၂၆,ဝဝဝ)လီတာ၊ အီသိုင်းအီသာ(၂၅,ဝဝဝ)လီတာ၊ အက်ဆီတုံး (၁၇,ဝဝဝ)လီတာနှင့် ကဖင်း (၂,၁၀၀)ကီလိုတို့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း၌ ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~