နမ့်ဆန်မြို့နယ် နမ့်ခေးရွာရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းမှ တပ်သား (၄)ဦးထွက်ပြေး

နမ့်ဆန်မြို့နယ် နမ့်ခေးရွာရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းမှ တပ်သား (၄)ဦးထွက်ပြေး
ဧပြီ 10, 2022 | ရှမ်းမြောက်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းမှ တပ်သား(၄)ဦး ထွက် ပြေးလွတ်မြောက်လာကြောင်း သိရသည်။

အာဏာသိမ်းကောင်စီတပ်ရင်း(၂၅၂)မှ တပ်သား(၄)ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့က ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသည့် တစ်ဦးက “အထဲမှာက  နေရတာက ကြမ်းတယ်။ ဖိနှိပ်ခံရတယ်။ အပြစ်မရှိလည်း အပြစ်ရှာပြီး ပါးတွေရိုက်တာပဲ။ ကျွန်တော်တို့မှာ ဘာမှပြောပိုင်ခွင့် မရှိဘူး။ လစာက ပုံမှန် ၁ သိန်း ၆ သောင်း ပေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ တစ်လတစ်လေမှ တစ်သိန်းကျော်ရတာ။ အဲဒါကြောင့် ကျွန်တော်တို့ တိုင်ပင်ပြီး ပြေးကြတာ”ဟု ရွှေဖီမြေသတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

၎င်းတပ်သား(၄)ဦးမှာ လုပ်သက်တစ်နှစ်ရှိသူများဖြစ်ပြီး နည်းအမျိုးမျိုးဖြင့် စုဆောင်းခံရသူများဖြစ်ကြကြောင်း သိရသည်။

 

နမ့်ခေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သားများ မကြာခဏထွက်ပြေးလေ့ရှိပြီး လက်ရှိတွင် ထွက်ပြေးလာသည့် တပ်သား (၄)ဦးမှာ လုံခြုံသည့်နေရာကို ရောက်ရှိနေပြီဖြစ်ကြောင်း သ်ိရသည်။

[ ဖော်ပြပါ သတင်းသည် Shwe Phee Myay News Agency ၏ သတင်းဖြစ်ပြီး Tachileik News Agency နှင့် Shwe Phee Myay News Agency

 တို့သည်  ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ (MASS)၏ အဖွဲ့ဝင် မဟာမိတ်သတင်းဌာနများ ဖြစ်သည်။ ]

#TachileikNewsAgency