မသန်စွမ်းများအား ထောက်ပံ့ကြေး စတင်ပေးအပ်နေရာ တာချီလိတ်မှ (၁၃၂)ဦးအပါအဝင် ရှမ်းပြည်နယ်တွင်း (၃,၈၄၄)ဦးကို ပေးအပ်ထား
မသန်စွမ်းများအား ထောက်ပံ့ကြေး စတင်ပေးအပ်နေရာ တာချီလိတ်မှ (၁၃၂)ဦးအပါအဝင် ရှမ်းပြည်နယ်တွင်း (၃,၈၄၄)ဦးကို ပေးအပ်ထား
စကျတငျဘာ 23, 2018
By Tachileik News Agency
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်လိုက်သည့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းအစီအစဉ်အရ ထောက်ပံ့ငွေများပေးအပ်ခြင်းအပြင် မသန်စွမ်းများအခွင့်အရေးနှင့် ဥပဒေအရအကာအကွယ်ရပိုင်ခွင့်များစသည့် မသန်စွမ်းဥပဒေ သက်ဝင်စေရေး လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထောက်ပံ့ငွေ ပေးအပ်ပွဲများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းမှ မသန်စွမ်း (၁၃၂)ဦးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထောက်ပံ့ကြေးငွေ ပေးအပ်ရာ ရှမ်းပြည်နယ်တွင်း ထောက်ပံ့ကြေးပေးအပ်ထားပြီး မသန်စွမ်းအရေအတွက် (၃,၈၄၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
“မသန်စွမ်း ဥပေဒေ၊ နည်းဥဒေအပြင် အမျိုးသားကော်မတီလည်းရှိနပြေီ ဖြစ်ပါတယ်။ မသန်စွမ်းများကို ထောက်ပံ့ခြင်းသည် ဥပဒေအရ လူမှု ကာကွယ်စောင့်ရှောက်ခြင်း အချက်(၈)ချက်ထဲက တစ်ချက်ဖြစ်တဲ့ အပြင် ပြဌာန်းပြီးသား မသန်စွမ်းဥပဒေ သက်ဝင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအတွက် ကျွန်တော်တို့ လာခြင်းဖြစ်ပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနဖြေင့် ၂၀၁၈ ခုနှစ်တွင် စတင်လိုက်သည့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းအစီအစဉ်အရ ထောက်ပံ့ငွေများပေးအပ်ခြင်းအပြင် မသန်စွမ်းများအခွင့်အရေးနှင့် ဥပဒေအရအကာအကွယ်ရပိုင်ခွင့်များစသည့် မသန်စွမ်းဥပဒေ သက်ဝင်စေရေး လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထောက်ပံ့ငွေ ပေးအပ်ပွဲများဖြင့် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဟာ မသန်စွမ်းတွေကို မသန်မစွမ်းဆိုတဲ့စကားလုံးမျိုး သုံးစွဲလိုက်မိတာမျိုးကအစ သတိထားဖို့လိုပါတယ်။ ဒီလိုအသုံးအနှုန်းဟာ သူတို့ကိုယ်တိုင်လည်း လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ဟာ သူတို့ကို စွမ်းဆောင်နိုင်သူများအဖြစ် စိတ်ဓာတ်ခွန်အားပေးဖို့လိုပါတယ်။ သူတို့ဟာ အကြောင်း တစ်ခုခုကြောင့် ကိုယ်ခန္ဓာတစ်ခုခုမှာ မသန်ပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ စွမ်းဆောင်နိုင်သူတွေ၊ တစ်နေရာရာမှာ လုပ်နိုင်စွမ်းသူတွဖြေစ်ကြပါတယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
မသန်စွမ်းများ အတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရန် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားပြီး မသန်စွမ်းအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းကာ လုပ်ငန်းကော်မတီ အသီးသီးကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖွဲ့စည်း၍ လုပ်ငန်းဖော်ဆောင်မည်ဖြစ်ပြီး သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ မသန်စွမ်း (၄၃၈)ဦးနှင့် အထူးကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး (၁၂၄)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မသန်စွမ်း(၁၄၈၄)ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မသန်စွမ်း (၁ယ၉၂၂)ဦးကို ထောက်ပံ့ကြေး ပေးအပ် ထားပြီဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် ထောက်ပံ့ကြေးငွေ လက်ခံမည့်သူများ တက်ရောက်ခဲ့ကြသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~