အက်ဥ္းသားမ်ား သက္ေမြးပညာသင္ၾကားႏုိင္ေရးအတြက္ ICRC ႏွင့္ ျမန္မာႏိုင္ငံအက်ဥ္းဦးစီးဌာနတို႔ ပူးေပါင္းၿပီး အက်ဥ္းေထာင္အခ်ိဳ႕တြင္ ေရွ႕ေျပးေဆာင္ရြက္ေန

အက်ဥ္းသားမ်ား သက္ေမြးပညာသင္ၾကားႏုိင္ေရးအတြက္ ICRC ႏွင့္ ျမန္မာႏိုင္ငံအက်ဥ္းဦးစီးဌာနတို႔ ပူးေပါင္းၿပီး အက်ဥ္းေထာင္အခ်ိဳ႕တြင္ ေရွ႕ေျပးေဆာင္ရြက္ေန
စက်တင်ဘာ 18, 2019
By Tachileik News Agency

အက်ဥ္းက် ခံေနရသူမ်ား အသက္ေမြးဝမ္းေက်ာင္းသင္ၾကားႏုိင္ေရးအတြက္ ႏိုင္ငံတကာၾကက္ေျခနီအသင္း (ICRC)ႏွင့္ ျမန္မာႏိုင္ငံအက်ဥ္းဦးစီးဌာနတို႔ ပူးေပါင္းၿပီး   အက်ဥ္းေထာင္အခ်ိဳ႕တြင္ သက္ေမြးသင္တန္းေက်ာင္းမ်ား ဖြင့္လွစ္ေပးျခင္းကို ေရွ႕ေျပးေဆာင္ရြက္ေနေၾကာင္း သိရသည္။

ပူးေပါင္းေဆာင္ရြက္မႈအစီအစဥ္ အျဖစ္ မႏၱေလးဗဟိုအက်ဥ္းေထာင္အတြင္း အက်ဥ္းက်ခံေနရသူမ်ားအတြက္ စက္မႈပညာ၊ လွ်ပ္စစ္အင္ဂ်င္နီယာႏွင့္ သံဂေဟဆက္ပညာရပ္မ်ား သင္ၾကားေပးမည့္ အသက္ေမြး သင္တန္းေက်ာင္းကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလအတြင္း စတင္ေဆာက္လုပ္ေနၿပီး မၾကာမီ ၿပီးစီးဖြယ္ရိွေၾကာင္း သိရသည္။

“ဒါဟာ အက်ဥ္းသားေတြကို တိုးတက္ေကာင္းမြန္ေအာင္ ရည္႐ြယ္ထားတဲ့ ေရွ႕ေျပးပူးေပါင္းေဆာင္႐ြက္မႈ တစ္ခုျဖစ္ပါတယ္။ ေထာက္ခံခ်က္ေပးထားမယ့္ ဒီလိုမ်ိဳးအတတ္ပညာဆိုင္ရာသင္တန္းေတြ ေပးျခင္းအားျဖင့္ ေနာင္တစ္ခ်ိန္ အက်ဥ္းေထာင္ကေန လြတ္ေျမာက္တဲ့အခါ သူတို႔အတြက္ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ ဘဝကိုျပန္လည္တည္ေဆာက္ေရးအတြက္ အလားအလာေတြပိုရမယ္လို႔ ေမွ်ာ္လင့္တာပါ”ဟု ICRC မွ Olivier Gamel က ေျပာသည္။

ICRC ႏွင့္ မႏၱေလး အက်ဥ္းဦးစီးဌာနတုိ႔ ပူးေပါင္းလုပ္ေဆာင္သည့္ စီမံကိန္းမ်ားမွာ ၂၀၁၂ ခုႏွစ္က စတင္ခဲ့ျခင္းျဖစ္ၿပီး ICRC ျဖင့္ပူးေပါင္းေဆာင္ရြက္သည့္ အစီအစဥ္မရိွေသာ အက်ဥ္းေထာင္မ်ားတြင္ ေဒသအလုိက္ အသက္ေမြးသင္တန္းမ်ားကို သက္ဆုိင္ရာ အက်ဥ္းဦးစီးဌာနက ေဆာင္ရြက္ေပးေနသည္ဟု သိရသည္။

 “ကၽြန္ေတာ္တုိ႔ က်ိဳင္းတံုအက်ဥ္းေထာင္မွာေတာ့ ICRC နဲ႔ ပူးေပါင္းေဆာင္ရြက္တာ မရိွေသးပါဘူး။ လက္ရိွမွာ သက္ေမြးဝမ္းေၾကာင္းသင္တန္းအတြက္ အာခါထည္ပိတ္ထိုးနဲ႔ အမ်ိဳးသား၊ အမ်ိဳးသမီး စက္ခ်ဳပ္ပညာ သင္တန္းေတြ လုပ္ေပးတာပဲရိွပါတယ္”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အက်ဥ္းဦးစီးဌာနမွ က်ိဳင္းတံုအက်ဥ္းေထာင္ တာဝန္ခံအရာရိွ ဦးေဇာ္လင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ ေျပာသည္။

ICRC ႏွင့္ မႏၱေလးအက်ဥ္းဦးစီးဌာနတို႔ ပူးေပါင္းေဆာင္ရြက္သည့္အစီအစဥ္ျဖင့္ ၂၀၁၇ ခုႏွစ္ကလည္း မႏၱေလး ဗဟိုအက်ဥ္းေထာင္တြင္ သက္ငယ္အက်ဥ္းသားမ်ား အတန္းပညာ ဆက္လက္သင္ၾကားႏိုင္ရန္ စာသင္ေက်ာင္းတစ္ခုကိုလည္း ေဆာက္လုပ္ေပးထားျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အကျဉ်းကျ ခံနေရသူများ အသက်မွေးဝမ်းကျောင်းသင်ကြားနိုင်ရေးအတွက် နိုင်ငံတကာကြက်ခြေနီအသင်း (ICRC)နှင့် မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အကျဉ်းထောင်အချို့တွင် သက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းကို ရှေ့ပြေးဆောင်ရွက်နေကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အဖြစ် မန္တလေးဗဟိုအကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူများအတွက် စက်မှုပညာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် သံဂဟေဆက်ပညာရပ်များ သင်ကြားပေးမည့် အသက်မွေး သင်တန်းကျောင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း စတင်ဆောက်လုပ်နပြေီး မကြာမီ ပြီးစီးဖွယ်ရှိကြောင်း သိရသည်။

“ဒါဟာ အကျဉ်းသားတွေကို တိုးတက်ကောင်းမွန်အောင် ရည်ရွယ်ထားတဲ့ ရှေ့ပြေးပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပါတယ်။ ထောက်ခံချက်ပေးထားမယ့် ဒီလိုမျိုးအတတ်ပညာဆိုင်ရာသင်တန်းတွေ ပေးခြင်းအားဖြင့် နောင်တစ်ချိန် အကျဉ်းထောင်ကနေ လွတ်မြောက်တဲ့အခါ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဘဝကိုပြန်လည်တည်ဆောက်ရေးအတွက် အလားအလာတွေပိုရမယ်လို့ မျှော်လင့်တာပါ”ဟု ICRC မှ Olivier Gamel က ပြောသည်။

ICRC နှင့် မန္တလေး အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းများမှာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ICRC ဖြင့်ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်မရှိသော အကျဉ်းထောင်များတွင် ဒေသအလိုက် အသက်မွေးသင်တန်းများကို သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနက ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

 “ကျွန်တော်တို့ ကျိုင်းတုံအကျဉ်းထောင်မှာတော့ ICRC နဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိသေးပါဘူး။ လက်ရှိမှာ သက်မွေးဝမ်းကြောင်းသင်တန်းအတွက် အာခါထည်ပိတ်ထိုးနဲ့ အမျိုးသား၊ အမျိုးသမီး စက်ချုပ်ပညာ သင်တန်းတွေ လုပ်ပေးတာပဲရှိပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)အကျဉ်းဦးစီးဌာနမှ ကျိုင်းတုံအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးဇော်လင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ပြောသည်။

ICRC နှင့် မန္တလေးအကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်အစီအစဉ်ဖြင့် ၂၀၁၇ ခုနှစ်ကလည်း မန္တလေး ဗဟိုအကျဉ်းထောင်တွင် သက်ငယ်အကျဉ်းသားများ အတန်းပညာ ဆက်လက်သင်ကြားနိုင်ရန် စာသင်ကျောင်းတစ်ခုကိုလည်း ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net