မူးယစ္ေဆးထုတ္လုပ္သည့္ ပစၥည္းမ်ား အမ်ားဆံုးအျဖစ္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စက္တင္ဘာလအတြင္း ဒုတိယေျမာက္ ဖမ္းဆီးရမိ

မူးယစ္ေဆးထုတ္လုပ္သည့္ ပစၥည္းမ်ား အမ်ားဆံုးအျဖစ္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ စက္တင္ဘာလအတြင္း ဒုတိယေျမာက္ ဖမ္းဆီးရမိ
စက်တင်ဘာ 7, 2018
By Tachileik News Agency

မူးယစ္ေဆးထုတ္လုပ္ရာ၌ အသံုးျပဳသည့္ ဓါတုပစၥည္းမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ားအား ၾသဂုတ္လ ကုန္မွစ၍ ဆက္တုိက္ ဖမ္းဆီးရမိေနသည့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသတြင္ စက္တင္ဘာလအတြင္း ဒုတိယေျမာက္ အျဖစ္ လားရိႈးၿမိဳ႕နယ္အတြင္း  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာ (၆) ရက္ေန႔ ေန႔လယ္ (၁၁)နာရီခြဲက ထပ္မံဖမ္းဆီးရမိလုိက္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ သတင္းေဖၚျပခ်က္မ်ားအရ သိရသည္။

လားရိႈး - တန္႔ယန္းလမ္းတြင္ ေမာ္ေတာ္ယာဥ္(၂)စီးျဖင့္ သယ္ေဆာင္လာသည့္ ကဖင္း (၂,၄၀၀) ကီလို၊ ေတာ္လူအင္း (၂) လီတာ၊ လိေမၼာ္ေရာင္ အေရာင္တင္အမႈန္႔ (၄) ကီလို၊ သံေပါင္းခံအိုးႀကီး (၂) လုံး၊ သံပုံး (၁၄) လုံး၊ ပလတ္စတစ္ပုံး (၅၁) လုံး၊ ေကာ္ဇလုံ (၁၀၅) လုံး၊ ဖန္ေပါင္းေခ်ာင္အရွည္ (၁) လုံး၊ လက္ကိုင္ပါေကာ္ပုံး (၃၀) လုံး၊ လက္ကိုင္ပါ ေကာ္ခြက္ (၂၀)၊ ေမာ္တာထိန္းစက္ (၆) လုံး၊ ေမာ္တာမ်ိဳးစံု (၁၂) လုံး၊ ဂက္(စ္)အိုး (၁) လုံး၊ သံခ်ိန္းဆြဲႀကိဳး (၁) ေခ်ာင္း၊ ခ်ိန္းဆြဲေမာ္တာ (၁) လုံး၊ ကတၱား (၂) ခု၊ ေရပိုက္ေခြ (၁) ေခြ၊ ဂက္(စ္)မီးကူးေအာက္ခံ သံခုံ (၈) ခု၊ ျပဒါးတိုင္ (၁၂) ေခ်ာင္း၊ မီတာဒိုင္ခြက္ပါ စတီးသံေခ်ာင္း (၄) ေခ်ာင္း၊ ရာဘာလည္ရွည္ဖိနပ္ (၁၆) စုံ၊ ဓာတ္ခြဲခန္းသုံးရာဘာလက္အိတ္ရွည္ (၂၉၀) စုံ၊ ဓာတ္ခြဲခန္းသုံး ဝတ္စုံ (၅) စုံ၊ ဓာတ္ေငြ႕ကာ မ်က္ႏွာဖုံးစြပ္ (၅၁၂) ခု၊ ဓာတ္ေငြ႕ကာမ်က္ႏွာဖုံး (၁၆) ခု၊ ဖန္ေပါင္းေခ်ာင္ (၉) လုံး၊ ဖန္ႁပြန္ဘား (၅) ခု၊ ပလတ္စတစ္ ပိုက္ေခ်ာင္း (၂) ေခ်ာင္း၊ ဖန္ႁပြန္တပ္ထားသည့္ သစ္သားဝိုင္း (၂) ဝိုင္း၊ ဒိုင္နမို (၁) လုံး၊ က်ပ္ေငြ (၂၅၅,၀၀၀) ႏွင့္ လက္ကိုင္ဖုန္း(၂)လုံး တို႔ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးထုတ္လုပ္သည့္ပစၥည္းမ်ားကို သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းမ်ားျဖစ္ေသာ ေဖာ္ဂြမ္ဂမ္ဖန္ (ခ)ဂမ္ဖန္၊ ေယာ္ထုန္တို႔အား  မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ မူးယစ္ေဆးထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဓါတုပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္မႈတို႔ကို ဖမ္းဆီးရမိခဲ့ရာ မူဆယ္ၿမိဳ႕နယ္အတြင္း ၾသဂုတ္လ(၂၉)ရက္ေန႔ႏွင့္ (၃၀)ရက္ေန႔တို႔တြင္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ (၂၆,၀၀၀)လီတာ၊ အီသိုင္းအီသာ(၂၅,၀၀၀)လီတာ၊ အက္ဆီတံုး (၁၇,၀၀၀)လီတာႏွင့္ ကဖင္း (၂,၁၀၀)ကီလိုတို႔ကို လည္းေကာင္း၊ စက္တင္ဘာလ (၄)ရက္ေန႔တြင္ မုိင္းရယ္ၿမိဳ႕၌ ဟိုဒ႐ိုကလိုရစ္အက္စစ္ (၃,၂၄၀) လီတာ၊ အီသိုင္းအီသာ (၁၅,၈၄၀) လီတာ၊ ကဖင္း (၂၂၅) ကီလို၊ ဘြိဳင္လာအိုး (၅) လုံး၊ ႁပြန္ပိုက္ (၄) လုံး၊ ေမာ္တာ (၄) လုံးတို႔ကို ေမာ္ေတာ္ယာဥ္မ်ားျဖင့္ သယ္ေဆာင္လာစဥ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်ဆေးထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား သြဂုတ်လ ကုန်မှစ၍ ဆက်တိုက် ဖမ်းဆီးရမိနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် စက်တင်ဘာလအတွင်း ဒုတိယမြောက် အဖြစ် လားရှိုးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၆) ရက်နေ့ နေ့လယ် (၁၁)နာရီခွဲက ထပ်မံဖမ်းဆီးရမိလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်များအရ သိရသည်။

လားရှိုး - တန့်ယန်းလမ်းတွင် မော်တော်ယာဉ်(၂)စီးဖြင့် သယ်ဆောင်လာသည့် ကဖင်း (၂,၄၀၀) ကီလို၊ တော်လူအင်း (၂) လီတာ၊ လိမ္မော်ရောင် အရောင်တင်အမှုန့် (၄) ကီလို၊ သံပေါင်းခံအိုးကြီး (၂) လုံး၊ သံပုံး (၁၄) လုံး၊ ပလတ်စတစ်ပုံး (၅၁) လုံး၊ ကော်ဇလုံ (၁၀၅) လုံး၊ ဖန်ပေါင်းချောင်အရှည် (၁) လုံး၊ လက်ကိုင်ပါကော်ပုံး (၃၀) လုံး၊ လက်ကိုင်ပါ ကော်ခွက် (၂၀)၊ မော်တာထိန်းစက် (၆) လုံး၊ မော်တာမျိုးစုံ (၁၂) လုံး၊ ဂက်(စ်)အိုး (၁) လုံး၊ သံချိန်းဆွဲကြိုး (၁) ချောင်း၊ ချိန်းဆွဲမော်တာ (၁) လုံး၊ ကတ္တား (၂) ခု၊ ရေပိုက်ခွေ (၁) ခွေ၊ ဂက်(စ်)မီးကူးအောက်ခံ သံခုံ (၈) ခု၊ ပြဒါးတိုင် (၁၂) ချောင်း၊ မီတာဒိုင်ခွက်ပါ စတီးသံချောင်း (၄) ချောင်း၊ ရာဘာလည်ရှည်ဖိနပ် (၁၆) စုံ၊ ဓာတ်ခွဲခန်းသုံးရာဘာလက်အိတ်ရှည် (၂၉၀) စုံ၊ ဓာတ်ခွဲခန်းသုံး ဝတ်စုံ (၅) စုံ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ် (၅၁၂) ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံး (၁၆) ခု၊ ဖန်ပေါင်းချောင် (၉) လုံး၊ ဖန်ပြွန်ဘား (၅) ခု၊ ပလတ်စတစ် ပိုက်ချောင်း (၂) ချောင်း၊ ဖန်ပြွန်တပ်ထားသည့် သစ်သားဝိုင်း (၂) ဝိုင်း၊ ဒိုင်နမို (၁) လုံး၊ ကျပ်ငွေ (၂၅၅,ဝဝဝ) နှင့် လက်ကိုင်ဖုန်း(၂)လုံး တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်ပစ္စည်းများကို သယ်ဆောင်လာသည့် ယာဉ်မောင်းများဖြစ်သော ဖော်ဂွမ်ဂမ်ဖန် (ခ)ဂမ်ဖန်၊ ယော်ထုန်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်မှုတို့ကို ဖမ်းဆီးရမိခဲ့ရာ မူဆယ်မြို့နယ်အတွင်း သြဂုတ်လ(၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့တို့တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၂၆,ဝဝဝ)လီတာ၊ အီသိုင်းအီသာ(၂၅,ဝဝဝ)လီတာ၊ အက်ဆီတုံး (၁၇,ဝဝဝ)လီတာနှင့် ကဖင်း (၂,၁၀၀)ကီလိုတို့ကို လည်းကောင်း၊ စက်တင်ဘာလ (၄)ရက်နေ့တွင် မိုင်းရယ်မြို့၌ ဟိုဒရိုကလိုရစ်အက်စစ် (၃,၂၄၀) လီတာ၊ အီသိုင်းအီသာ (၁၅,၈၄၀) လီတာ၊ ကဖင်း (၂၂၅) ကီလို၊ ဘွိုင်လာအိုး (၅) လုံး၊ ပြွန်ပိုက် (၄) လုံး၊ မော်တာ (၄) လုံးတို့ကို မော်တော်ယာဉ်များဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~