တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ စာသင်ကျောင်း (၂)ကျောင်းတွင် ဆရာ/မများအတွက် လိုအပ်နေသည့် အဆောင်(၂)ဆောင်အား ကျပ်သိန်း(၃)ထောင်ဝန်းကျင် အကုန်အကျခံကာ ရှမ်းရှေ့ရွှေတြိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဆောက်လုပ် လှူဒါန်းပေးရန် စတင်
တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ စာသင်ကျောင်း (၂)ကျောင်းတွင် ဆရာ/မများအတွက် လိုအပ်နေသည့် အဆောင်(၂)ဆောင်အား ကျပ်သိန်း(၃)ထောင်ဝန်းကျင် အကုန်အကျခံကာ ရှမ်းရှေ့ရွှေတြိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဆောက်လုပ် လှူဒါန်းပေးရန် စတင်
စက်တင်ဘာ 30, 2018
By Tachileik News Agency
တာချီလိတ်မြို့မှ ရှမ်းရှေ့ရွှေတြိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ စာသင်ကျောင်း(၂)ကျောင်းတွင် ဆရာ ဆရာမများ နေထိုင်ရန်အတွက် အဆောင်(၂)ခု ဆောက်လုပ်ရန် လှူဒါန်းထားသဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ကျိုင်းလပ်မြို့ ဝမ်လုံရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဆရာ ဆရာမများအတွက် (၃)ခန်းတွဲ (၂)ထပ်အဆောင်အား ကျပ်သိန်း(၁၀၀၀)ကျော်ဖြင့် လည်းကောင်း၊ ဝမ်နတ်ရှိ စာသင်ကျောင်းတွင် ဆရာ၊ဆရာမများ အဆောင်အဖြစ် (၈)ခန်းတွဲ (၂)ထပ်ဆောင်အား ကျပ်သိန်း(၂၀၀၀)၀န်းကျင်ဖြင့် လည်းကောင်း ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့မှ ရှမ်းရှေ့ရွှတြေိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ စာသင်ကျောင်း(၂)ကျောင်းတွင် ဆရာ ဆရာမများ နေထိုင်ရန်အတွက် အဆောင်(၂)ခု ဆောက်လုပ်ရန် လှူဒါန်းထားသဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း စတင် ဆောက်လုပ်နပြေီ ဖြစ်ကြောင်း သိရသည်။
"ကျိုင်းလပ်ဘက် ကွင်းဆင်းရင်းနဲ့ ဆရာ ဆရာမတွေ ဖြစ်သလို ခက်ခက်နေနေရတာကို တွေ့ရတော့ စိတ်မကောင်းဘူး။ အဲဒါနဲ့ ဆရာ ဆရာမတွေအတွက် နေဖို့အဆောင်ကိစ္စ အဆင်ပြေအောင်လို့ ရှမ်းရှေ့ရွှတြေိဂံဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဦးအောင်ခင်ကို အကူအညီတောင်းလိုက်တော့ သူလည်း စိတ်စေတနာပေါက်ပြီး ဆောက်လုပ်လှူဒါန်းပေးမယ်ဆိုတာနဲ့ အခုတော့ စတင်နေပါပြီ"ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းလပ်မြို့ ဝမ်လုံရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဆရာ ဆရာမများအတွက် (၃)ခန်းတွဲ (၂)ထပ်အဆောင်အား ကျပ်သိန်း(၁၀၀၀)ကျော်ဖြင့် လည်းကောင်း၊ ဝမ်နတ်ရှိ စာသင်ကျောင်းတွင် ဆရာ၊ဆရာမများ အဆောင်အဖြစ် (၈)ခန်းတွဲ (၂)ထပ်ဆောင်အား ကျပ်သိန်း(၂၀၀၀)ဝန်းကျင်ဖြင့် လည်းကောင်း ဆောက်လုပ်နခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~