ျပန္လည္ထူေထာင္ေရး စခန္းမ်ားတြင္ မူးယစ္ေဆးျဖတ္သင္တန္းမ်ားအား သတ္မွတ္ကာလ (၃)လမွ (၆)လအထိ တိုးျမႇင့္သြားမည္

ျပန္လည္ထူေထာင္ေရး စခန္းမ်ားတြင္ မူးယစ္ေဆးျဖတ္သင္တန္းမ်ားအား သတ္မွတ္ကာလ (၃)လမွ (၆)လအထိ တိုးျမႇင့္သြားမည္
စက်တင်ဘာ 26, 2018
By Tachileik News Agency

အသစ္ျပဌာန္းလုိက္သည့္ မူးယစ္ဥပေဒအရ မူးယစ္ေဆးစြဲသူမ်ားအား ျပန္လည္ထူေထာင္ေရးအတြက္ အသက္ေမြးဝမ္းေၾကာင္း ပညာမ်ားကိုပါ သင္ၾကားေပးႏိုင္မည့္ ျပန္လည္ထူေထာင္ေရးစခန္းမ်ားဖြင့္လွစ္ၿပီး လက္ရိွ(၃၅)ရက္ၾကာ ေဆးျဖတ္သင္တန္းမ်ားအား (၃)လမွ (၆)လအထိကာလ တိုးျမႇင့္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ မူးယစ္ျပန္ထူစခန္းေတြ စနစ္တက် ျပန္ဖြင့္ရမယ္။ အခုလည္းရိွတယ္ (၃၅)ရက္စခန္းေတြ၊ လူထုအေျချပဳနဲ႔စတယ္။ ေဆးျဖတ္ၿပီး ရပ္ကြက္ထဲျပန္ေရာက္ရင္ မိသားစုနဲ႔ တုိင္ပင္ေဆြးေႏြးၿပီး ရပ္ရြာအေျချပဳ အေနနဲ႔ လုပ္ရတယ္။ ျပတ္သြားဖို႔ဆိုတာ အင္မတန္ ခဲယဥ္းတယ္ဆိုတာ လူတုိင္းသိတယ္။ ဘယ္ေလာက္ ႀကိဳးစား ႀကိဳးစား (၁၀)ရာခုိင္ႏႈန္း၊ (၁၅)ရာခိုင္ႏႈန္းထက္ မပိုပါဘူးလို႔ အေတြ႕အႀကံဳ ရိွခဲ့သူမ်ားက ေျပာပါတယ္။ ဒီထက္ ေဆးျပတ္တဲ့ရာခုိင္ႏႈန္းမ်ားဖို႔ ကၽြန္ေတာ္တုိ႔ ဘယ္လိုေဆာင္ရြက္မလဲ။ သက္ေမြးဝမ္းေၾကာင္းပညာေတြ သင္ေပးမယ္။ အတတ္ပညာတစ္ခုမွာ နစ္ဝင္သြားၿပီး အလုပ္အကိုင္ အခြင့္အလမ္း တစ္ခုေဖၚေဆာင္ေပးၿပီး အလုပ္ထဲထည့္ေပးလုိက္မယ္။ ဒီအတြက္ (၃၅)ရက္သင္တန္းကို (၃)လ၊ (၆)လ တိုးဖို႔ ကၽြန္ေတာ္တုိ႔ ေဆာင္ရြက္ေနတယ္။ ဒါကို မိသားစုေတြကလည္း ပံ့ပိုးကူညီရမယ္။ ရပ္ရြာကလည္း ပံ့ပိုးကူညီရမယ္။ အစိုးရကလုပ္မယ့္ ျပန္ထူလုပ္ငန္းမွာ ျပည္သူလူထု ပူးေပါင္းပါဝင္ၾကဖို႔ ေျပာခ်င္တာပါ”ဟု လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၃)ရက္ေန႔ တာခ်ီလိတ္ခရီးစဥ္တြင္ ေျပာၾကားသည္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ ျပန္လည္ထူေထာင္ေရးစခန္းသို႔ စက္တင္ဘာလ(၂၂)ရက္ေန႔တြင္ သြားေရာက္ခဲ့ၿပီး မူးယစ္ေဆးျဖတ္ၿပီးသူမ်ားျပန္လည္ ထူေထာင္ေရး စခန္းတာ၀န္ရွိသူမ်ားႏွင့္ ေတြ႕ဆံု၍ မူးယစ္ျပန္လည္ ထူေထာင္ေရးသင္တန္းမ်ားကို ထိထိေရာက္ေရာက္ ပိုမိုေဆာင္ရြက္ႏိုင္ေရးႏွင့္ လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးရန္ ညႇိႏိႈင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ ဒီကိုလာတာ မူးယစ္ျပန္ထူကိစၥ အတြက္လည္း ပါ ပါတယ္။ ျပည္နယ္ေတြမွာ မူးယစ္ေဆးဝါး အႏၱရာယ္ သိပ္ႀကီးပါတယ္။ မူးယစ္ေဆးအႏၱရာယ္ႀကီးမားေနတဲ့ အတြက္ မူးယစ္ေဆးဥပေဒကို ျပင္ဆင္လုိက္တဲ့ အခါ မူးယစ္ေဆးသံုးသူမ်ား၊ လက္ဝယ္ကိုင္ေဆာင္တာကိုလည္း ပမာဏနဲ႔ သတ္မွတ္ထားၿပီး ဒီထက္ေက်ာ္ရင္ေတာ့ ထုပ္လုပ္ေရာင္းဝယ္ျဖန္႔ျဖဴးျခင္းနဲ႔ အေရးယူတာေတြ လုပ္ေနပါတယ္။ ဒါေပမဲ့ လိုအပ္တာေတြေတာ့ ရိွေနေသးတယ္ေပါ့။ ဒါကိုလည္း ႏုိင္ငံေတာ္သမၼတက ဦးေဆာင္ၿပီး လုပ္ေနပါတယ္။ မူးယစ္ေဆးစြဲပမာဏကလည္း မ်ားေနတယ္။ ေဆးစြဲတာကို ျပန္ျဖတ္ၿပီး ျပန္လည္ထူေထာင္တဲ့ အပိုင္းကိုလည္း ကၽြန္ေတာ္တို႔ ဝန္ႀကီးဌာနကို လႊဲလုိက္ပါတယ္။ ဒီေတာ့ ေနာက္ပိုင္းမွာ မူးယစ္ေဆးျဖတ္ျပန္လည္ထူေထာင္ေရးဟာ အႀကီးႀကီးျဖစ္လာပါမယ္”ဟု လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ဆိုသည္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၏ ျပန္လည္ထူေထာင္ေရး ဦးစီးဌာနသည္ လူကုန္ကူးခံရသူမ်ား၊ ကေလးသူငယ္မုဒိမ္းမႈက်ဴးလြန္ခံရသူမ်ား၊ ျပည့္တန္ဆာ လုပ္ကိုင္သူမ်ားႏွင့္ မူးယစ္ေဆးစြဲသူမ်ား ျပန္လည္ထူေထာင္ေရးမ်ားအတြက္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

အသစ်ပြဌာန်းလိုက်သည့် မူးယစ်ဥပဒေအရ မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာများကိုပါ သင်ကြားပေးနိုင်မည့် ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်ပြီး လက်ရှိ(၃၅)ရက်ကြာ ဆေးဖြတ်သင်တန်းများအား (၃)လမှ (၆)လအထိကာလ တိုးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မူးယစ်ပြန်ထူစခန်းတွေ စနစ်တကျ ပြန်ဖွင့်ရမယ်။ အခုလည်းရှိတယ် (၃၅)ရက်စခန်းတွေ၊ လူထုအခြပြေုနဲ့စတယ်။ ဆေးဖြတ်ပြီး ရပ်ကွက်ထဲပြန်ရောက်ရင် မိသားစုနဲ့ တိုင်ပင်ဆွေးနွေးပြီး ရပ်ရွာအခြပြေု အနေနဲ့ လုပ်ရတယ်။ ပြတ်သွားဖို့ဆိုတာ အင်မတန် ခဲယဉ်းတယ်ဆိုတာ လူတိုင်းသိတယ်။ ဘယ်လောက် ကြိုးစား ကြိုးစား (၁၀)ရာခိုင်နှုန်း၊ (၁၅)ရာခိုင်နှုန်းထက် မပိုပါဘူးလို့ အတွေ့အကြုံ ရှိခဲ့သူများက ပြောပါတယ်။ ဒီထက် ဆေးပြတ်တဲ့ရာခိုင်နှုန်းများဖို့ ကျွန်တော်တို့ ဘယ်လိုဆောင်ရွက်မလဲ။ သက်မွေးဝမ်းကြောင်းပညာတွေ သင်ပေးမယ်။ အတတ်ပညာတစ်ခုမှာ နစ်ဝင်သွားပြီး အလုပ်အကိုင် အခွင့်အလမ်း တစ်ခုဖော်ဆောင်ပေးပြီး အလုပ်ထဲထည့်ပေးလိုက်မယ်။ ဒီအတွက် (၃၅)ရက်သင်တန်းကို (၃)လ၊ (၆)လ တိုးဖို့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ ဒါကို မိသားစုတွေကလည်း ပံ့ပိုးကူညီရမယ်။ ရပ်ရွာကလည်း ပံ့ပိုးကူညီရမယ်။ အစိုးရကလုပ်မယ့် ပြန်ထူလုပ်ငန်းမှာ ပြည်သူလူထု ပူးပေါင်းပါဝင်ကြဖို့ ပြောချင်တာပါ”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့ တာချီလိတ်ခရီးစဉ်တွင် ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းသို့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် သွားရောက်ခဲ့ပြီး မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေး စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မူးယစ်ပြန်လည် ထူထောင်ရေးသင်တန်းများကို ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီကိုလာတာ မူးယစ်ပြန်ထူကိစ္စ အတွက်လည်း ပါ ပါတယ်။ ပြည်နယ်တွေမှာ မူးယစ်ဆေးဝါး အန္တရာယ် သိပ်ကြီးပါတယ်။ မူးယစ်ဆေးအန္တရာယ်ကြီးမားနေတဲ့ အတွက် မူးယစ်ဆေးဥပဒေကို ပြင်ဆင်လိုက်တဲ့ အခါ မူးယစ်ဆေးသုံးသူများ၊ လက်ဝယ်ကိုင်ဆောင်တာကိုလည်း ပမာဏနဲ့ သတ်မှတ်ထားပြီး ဒီထက်ကျော်ရင်တော့ ထုပ်လုပ်ရောင်းဝယ်ဖြန့်ဖြူးခြင်းနဲ့ အရေးယူတာတွေ လုပ်နေပါတယ်။ ဒါပေမဲ့ လိုအပ်တာတွေတော့ ရှိနေသေးတယ်ပေါ့။ ဒါကိုလည်း နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး လုပ်နေပါတယ်။ မူးယစ်ဆေးစွဲပမာဏကလည်း များနေတယ်။ ဆေးစွဲတာကို ပြန်ဖြတ်ပြီး ပြန်လည်ထူထောင်တဲ့ အပိုင်းကိုလည်း ကျွန်တော်တို့ ဝန်ကြီးဌာနကို လွှဲလိုက်ပါတယ်။ ဒီတော့ နောက်ပိုင်းမှာ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးဟာ အကြီးကြီးဖြစ်လာပါမယ်”ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြန်လည်ထူထောင်ရေး ဦးစီးဌာနသည် လူကုန်ကူးခံရသူများ၊ ကလေးသူငယ်မုဒိမ်းမှုကျူးလွန်ခံရသူများ၊ ပြည့်တန်ဆာ လုပ်ကိုင်သူများနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးများအတွက် လုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~