မိုင္းယုၿမိဳ႕၌ ဖြင့္လွစ္သည့္ လူထုအေျချပဳ ေရွးဦးျပဳစုျခင္း(အေျခခံ)သင္တန္းတြင္ ေဒသခံ ၃၀ တက္ေရာက္ေန

မိုင္းယုၿမိဳ႕၌ ဖြင့္လွစ္သည့္ လူထုအေျချပဳ ေရွးဦးျပဳစုျခင္း(အေျခခံ)သင္တန္းတြင္ ေဒသခံ ၃၀ တက္ေရာက္ေန
မေ 26, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕တြင္ ေဒသခံမ်ားအား အေရးေပၚေရွးဦးျပဳစုနည္း (အေျခခံ) သင္တန္းကို ၂၀၁၈ ခုႏွစ္ ေမလ (၂၆)ရက္ေန႔က မိုင္းယုအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးရွိ အစည္းအေဝးခန္းမ၌ စတင္ဖြင့္လွစ္သည္။

သံုးရက္ၾကာသင္တန္းတြင္ သင္တန္းတြင္ ေရွးဦးျပဳစုသူလုပ္အားရွင္ႏွင့္ လူနာစမ္းစစ္ျခင္း၊ သဘာဝေဘးအႏၲရာယ္က်ေရာက္ခ်ိန္တြင္ တုန္႔ျပန္မႈ၊ ဦးစားေပးလူနာမ်ားအား ေရြးခ်ယ္ျပဳစုျခင္း၊ အပူေလာင္ျခင္း၊ သတိလစ္ျခင္း၊ အ႐ိုးအဆစ္ႏွင့္ ႂကြက္သားဒဏ္ရာမ်ား၊ ေဆးထည့္ျခင္းႏွင့္ ပတ္တီးစည္းနည္းမ်ား၊ အေျခခံအေထာက္အကူျပဳနည္း၊ တီဘီေရာဂါ၊ ငွက္ဖ်ားေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ အေရးေပၚကေလးေမြးဖြားျခင္း၊ လူနာအား စိတ္ပိုင္းဆိုင္ရာအားေပးကူညီမႈ၊ လူနာကိုင္တြယ္ျခင္းႏွင့္ သယ္ေဆာင္ျခင္းစသည့္ အေၾကာင္းအရာမ်ားကို သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရၿပီး ေဒသခံ (၃၀) တက္ေရာက္ေနေၾကာင္း သိရသည္။

သင္တန္းဖြင့္ပြဲတြင္ မိုင္းယုျပည္သူက်န္းမာေရးဦးစီးဌာနမွ တိုက္နယ္ဆရာဝန္ ေဒါက္တာ ေအာင္ေအာင္ဝင္းထြဋ္၊  က်ဳိင္းတုံၿမိဳ႕နယ္  ျပည္နယ္ၾကက္ေျခနီႀကီးၾကပ္ေရးေကာ္မတီမွ တပ္ဖြဲ႕မွဴး ဦးဝင္းျမတ္တို႔က ၾကက္ေျခနီအေၾကာင္း သိေကာင္းစရာမ်ား၊ ၾကက္ေျခနီအေျခခံသေဘာတရားမ်ား ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

သတင္း #ကိုနိုင္(MYu)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုမြို့၌ ဖွင့်လှစ်သည့် လူထုအခြေပြု ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် ဒေသခံ ၃၀ တက်ရောက်နေ
****************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံများအား အရေးပေါ်ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်းကို ၂၀၁၈ ခုနှစ် မေလ (၂၆)ရက်နေ့က မိုင်းယုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်သည်။

သုံးရက်ကြာသင်တန်းတွင် သင်တန်းတွင် ရှေးဦးပြုစုသူလုပ်အားရှင်နှင့် လူနာစမ်းစစ်ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် တုန့်ပြန်မှု၊ ဦးစားပေးလူနာများအား ရွေးချယ်ပြုစုခြင်း၊ အပူလောင်ခြင်း၊ သတိလစ်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားဒဏ်ရာများ၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းနည်းများ၊ အခြေခံအထောက်အကူပြုနည်း၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အရေးပေါ်ကလေးမွေးဖွားခြင်း၊ လူနာအား စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းစသည့် အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံ (၃၀) တက်ရောက်နေကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မိုင်းယုပြည်သူကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်၊  ကျိုင်းတုံမြို့နယ်  ပြည်နယ်ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ တပ်ဖွဲ့မှူး ဦးဝင်းမြတ်တို့က ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီအခြေခံသဘောတရားများ ရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်း #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~