တာချီလိတ်တွင် အသက် (၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်၍ အောက်တိုဘာလ(၁၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးနိုင်

တာချီလိတ်တွင် အသက် (၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်၍ အောက်တိုဘာလ(၁၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးနိုင်
စကျတငျဘာ 12, 2019
By Tachileik News Agency


Smile Train၊ New Look New Life နှင့် မြသဟာဆေးရုံတို့ ပူးပေါင်းစီစဉ်သည့် အဆိုပါ အခမဲ့ခွဲစိတ်ကုသမှုအစီအစဉ်တွင် လာရောက်ကုသမှုခံယူလိုသူများအနေဖြင့် မြသဟာဆေးရုံ(အဆွေတော်မိသားစု)သို့ အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးရမည်ဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့အထိ ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။


ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ တာချီလိတ်သို့ လာရောက်ကုသမှုခံယူလိုသူများအနေဖြင့် သွားလာရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရန် အခက်အခဲရှိပါက မဇ္ဇျိမလူမှုကူညီရေးအသင်းဦးဆောင်သည့်အဖွဲ့များက သယ်ယူပို့ဆောင်ရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရေးတို့ကို အခမဲ့စီစဉ်ပေးမည်ဖြစ်၍ ဖုန်း 09 5241342 သို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းမှ လာရောက်ကုသမှုခံယူမည့် ဝေဒနာရှင်များမှလည်း သင်္ဂဟလူမှုကူညီရေး(မိုင်းဖြတ်) ဥက္ကဌ ဦးလှမောင်သာ(ရွှေလမင်း ဆေးဆိုင်)တို့ထံ သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြသဟာဆေးရုံ(အဆွေတော်မိသားစု)၌ အသက် (၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားကာ ဆက်သွယ်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

Smile Train၊ New Look New Life နှင့် မြသဟာဆေးရုံတို့ ပူးပေါင်းစီစဉ်သည့် အဆိုပါ အခမဲ့ခွဲစိတ်ကုသမှုအစီအစဉ်တွင် လာရောက်ကုသမှုခံယူလိုသူများအနဖြေင့် မြသဟာဆေးရုံ(အဆွေတော်မိသားစု)သို့ အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးရမည်ဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့အထိ ခွဲစိတ်ကုသပေးသွားမည်ဖြစ်သည်။

စမ်းသပ်စစ်ဆေးမှုနှင့် ခွဲစိတ်ကုသမှုများအတွက် အခမဲ့စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရပြီး ဆက်သွယ်စုံစမ်းလိုပါက ဖုန်း 08453436 နှင့် ဖုန်း 09267833380 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ တာချီလိတ်သို့ လာရောက်ကုသမှုခံယူလိုသူများအနဖြေင့် သွားလာရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရန် အခက်အခဲရှိပါက မဇ္ဇျိမလူမှုကူညီရေးအသင်းဦးဆောင်သည့်အဖွဲ့များက သယ်ယူပို့ဆောင်ရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရေးတို့ကို အခမဲ့စီစဉ်ပေးမည်ဖြစ်၍ ဖုန်း 09 5241342 သို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းမှ လာရောက်ကုသမှုခံယူမည့် ဝေဒနာရှင်များမှလည်း သဂငှ်လူမှုကူညီရေး(မိုင်းဖြတ်) ဥက္ကဌ ဦးလှမောင်သာ(ရွှေလမင်း ဆေးဆိုင်)တို့ထံ သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net