၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေမးခြန္းပံုစံသစ္တြင္ စဥ္းစားေတြးေခၚရေသာ ေမးခြန္းမ်ားပါဝင္မည္ျဖစ္ၿပီး သင္ခန္းစာအားလံုးကို လႊမ္းၿခံဳမည္

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေမးခြန္းပံုစံသစ္တြင္ စဥ္းစားေတြးေခၚရေသာ ေမးခြန္းမ်ားပါဝင္မည္ျဖစ္ၿပီး သင္ခန္းစာအားလံုးကို လႊမ္းၿခံဳမည္
သြဂုတ် 16, 2018
By 🌸
၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ စတင္ေျပာင္းလဲမည့္ တကၠသုိလ္ဝင္ခြင့္ ေမးခြန္းပုံစံသစ္တြင္ စဥ္းစားေတြးေခၚရေသာေမးခြန္းမ်ား ပုိမိုပါဝင္မည္ျဖစ္ၿပီး သင္ခန္းစာအားလံုး လႊမ္းၿခံဳသည့္ ေမးခြန္းပံုစံျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

ေမးခြန္းပံုစံသစ္မွာ ေမးခြန္းပုံစံေဟာင္းကို လံုးဝေျပာင္းလဲလုိက္ျခင္းမဟုတ္ဘဲ ယခင္ကဲ့သို႔ အလြတ္ က်က္မွတ္ေျဖရသည့္ ေမးခြန္းမ်ားႏွင့္ ဆက္စပ္ေတြးေခၚရေသာေမးခြန္းမ်ား ေပါင္းစပ္ပါဝင္မည္ျဖစ္ကာ အလြယ္၊ အသင့္၊ အခက္ မွ်တစြာပါဝင္ၿပီး သင္ရုိးအားလုံးၿခဳံငုံေလ့လာထားေသာ ေက်ာင္းသား/သူမ်ားအေနျဖင့္ အခက္အခဲမရွိ ေျဖဆုိနိုင္မည့္ ေမးခြန္းမ်ဳိးျဖစ္သည္ဟု ပညာေရး ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက လႊတ္ေတာ္တြင္ ေျပာၾကားသည္။

၂၀၁၈-၁၉ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲေမးခြန္းမ်ားပုံစံေျပာင္းေမးျမန္းရန္ စီစဥ္ထားျခင္းႏွင့္ ဆက္စပ္၍ မည္သည့္ရည္႐ြယ္ခ်က္ျဖင့္ ယခုကဲ့သို႔ခ်က္ခ်င္း ေျပာင္းလဲရန္ စီစဥ္ထားသည္ကိုသိလိုျခင္းႏွင့္ အေလ့အက်င့္ရရွိေစရန္ ယခုႏွစ္တြင္ န၀မတန္းမွသာ စတင္ေျပာင္းလဲေပးရန္ အစီအစဥ္ရွိ၊မရွိကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၄) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ မိုင္းတံု မဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ဦးက ေမးျမန္းျခင္းအား ပညာေရး ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ယင္းကဲ့သို႔ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ပုံစံေျပာင္းလဲမည့္ ေမးခြန္းပုံစံနမူနာမ်ားအား ႏုိင္ငံပုိင္သတင္းစာမ်ား၊ ျပန္ၾကားေရး ဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ႀကီးဌာနမွ အင္တာနက္ ဝက္ဆုိက္မ်ားတြင္ ေဖၚျပထားၿပီး အေျခခံပညာဆရာ/ ဆရာမမ်ားအား သင္တန္း၊ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ေဆာင္ရြက္ေပးထားေၾကာင္း ဒုတိယဝန္ႀကီးက ျပန္လည္ေျဖၾကားခဲ့သည္။

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွစၿပီး တကၠသိုလ္ဝင္တန္းစာေမးပြဲေမးခြန္းကို ပုံစံသစ္ျဖင့္ ေျပာင္းလဲအသံုးျပဳမည္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနက ၂၀၁၈ ခုႏွစ္ ေမလကတည္းက ထုတ္ျပန္ထားျခင္းျဖစ္ၿပီး အျခားေသာ အေျခခံပညာအဆင့္မ်ားတြင္ ေျပာင္းလဲမည္မဟုတ္ေၾကာင္း သိရသည္။

ဓါတ္ပံု #ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင်  စဉ်းစားတွေးခေါ်ရသော မေးခွန်းများပါဝင်မည်ဖြစ်ပြီး သင်ခန်းစာအားလုံးကို လွှမ်းခြုံမည်
********************
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်ပြောင်းလဲမည့် တက္ကသိုလ်ဝင်ခွင့် မေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်ရသောမေးခွန်းများ ပိုမိုပါဝင်မည်ဖြစ်ပြီး သင်ခန်းစာအားလုံး လွှမ်းခြုံသည့် မေးခွန်းပုံစံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

မေးခွန်းပုံစံသစ်မှာ မေးခွန်းပုံစံဟောင်းကို လုံးဝပြောင်းလဲလိုက်ခြင်းမဟုတ်ဘဲ ယခင်ကဲ့သို့ အလွတ် ကျက်မှတ်ဖြေရသည့် မေးခွန်းများနှင့် ဆက်စပ်တွေးခေါ်ရသောမေးခွန်းများ ပေါင်းစပ်ပါဝင်မည်ဖြစ်ကာ အလွယ်၊ အသင့်၊ အခက် မျှတစွာပါဝင်ပြီး သင်ရိုးအားလုံးခြုံငုံလေ့လာထားသော ကျောင်းသား/သူများအနေဖြင့် အခက်အခဲမရှိ ဖြေဆိုနိုင်မည့် မေးခွန်းမျိုးဖြစ်သည်ဟု ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်တွင် ပြောကြားသည်။

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းများပုံစံပြောင်းမေးမြန်းရန် စီစဉ်ထားခြင်းနှင့် ဆက်စပ်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ချက်ချင်း ပြောင်းလဲရန် စီစဉ်ထားသည်ကိုသိလိုခြင်းနှင့် အလေ့အကျင့်ရရှိစေရန် ယခုနှစ်တွင် နဝမတန်းမှသာ စတင်ပြောင်းလဲပေးရန် အစီအစဉ်ရှိ၊မရှိကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက မေးမြန်းခြင်းအား ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပုံစံပြောင်းလဲမည့် မေးခွန်းပုံစံနမူနာများအား နိုင်ငံပိုင်သတင်းစာများ၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ အင်တာနက် ဝက်ဆိုက်များတွင် ဖေါ်ပြထားပြီး အခြေခံပညာဆရာ/ ဆရာမများအား သင်တန်း၊ ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးထားကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းကို ပုံစံသစ်ဖြင့် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် မေလကတည်းက ထုတ်ပြန်ထားခြင်းဖြစ်ပြီး အခြားသော အခြေခံပညာအဆင့်များတွင် ပြောင်းလဲမည်မဟုတ်ကြောင်း သိရသည်။

ဓါတ်ပုံ #ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~