ေတာင္က်ေခ်ာင္းထဲသို႔ KG ေက်ာင္းသားေလး တစ္ဦး ေမ်ာပါ ေသဆံုးမႈ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း ျဖစ္ပြား

ေတာင္က်ေခ်ာင္းထဲသို႔ KG ေက်ာင္းသားေလး တစ္ဦး ေမ်ာပါ ေသဆံုးမႈ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း ျဖစ္ပြား
သြဂုတ် 18, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါတမႀကီးေက်းရြာအုပ္စု၊ ေဒါေဆာ္ဖ်ရြာတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၈) ရက္ေန႔ မနက္ပိုင္းက အသက္ (၅) ႏွစ္အရြယ္ ကေလးတစ္ဦး ေတာင္က်ေခ်ာင္းထဲသို႔ ေမ်ာပါသြားၿပီး ေသဆံုးသြားေၾကာင္း သိရသည္။

KG ေက်ာင္းသား ေမာင္ဘိုရယ္မွာ ေဒါေဆာ္ဖ်ေက်းရြာ အေနာက္ဘက္႐ွိ ေတာင္က်ေခ်ာင္းထဲသို႔ နံနက္ (၈း၃၀ ) အခ်ိန္ခန္႔က ေမ်ာပါသြားၿပီး နံနက္ (၉) နာရီခန္႔တြင္ ရြာအလယ္႐ွိ ေတာင္က်ေခ်ာင္းထဲတြင္ ကေလးအား အသက္ေသဆုံးလွ်က္ ေတြ႔႐ွိရျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းအား ေဒါတမႀကီးတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ သက္ဆုိင္ရာရဲတပ္ဖြဲ႕က အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -  ေဒါေဆာ္ဖ် ရြာသား



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါဆော်ဖျရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ မနက်ပိုင်းက အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး တောင်ကျချောင်းထဲသို့ မျောပါသွားပြီး သေဆုံးသွားကြောင်း သိရသည်။

KG ကျောင်းသား မောင်ဘိုရယ်မှာ ဒေါဆော်ဖျကျေးရွာ အနောက်ဘက်ရှိ တောင်ကျချောင်းထဲသို့ နံနက် (၈း၃၀ ) အချိန်ခန့်က မျောပါသွားပြီး နံနက် (၉) နာရီခန့်တွင် ရွာအလယ်ရှိ တောင်ကျချောင်းထဲတွင် ကလေးအား အသက်သေဆုံးလျှက် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား ဒေါတမကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့က အမှုရေးဖွင့်ထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ဒေါဆော်ဖျ ရွာသား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~