ရှမ်းပြည်နယ်တွင်း သတ်မှတ်ချက်များနှင့် မညီညွတ်သည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချပါက အရေးယူမည်
ရှမ်းပြည်နယ်တွင်း သတ်မှတ်ချက်များနှင့် မညီညွတ်သည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချပါက အရေးယူမည်
ဇူလိုငျ 21, 2018
By Tachileik News Agency
အရည်အသွေး မပြည့်မီသည့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကြောင့် တောင်သူများ နစ်နာမှုမရှိစေရန် ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး သွင်းအားစုများကို တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများရှိသကဲ့သို့ တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေသူများလည်း ရှိနေသဖြင့် ဒေသတွင်း အရောင်းဆိုင်များအနေဖြင့် ထုတ်ကုန်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိထားစေရန် ခေါ်ယူဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချသူများ အနေဖြင့် အဆိုပါ ထုတ်ကုန်အား သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ညွန်ကြားချက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖေါ်ပြရန်လိုအပ်ကြောင်း သိရသည်။
သတင်း -  နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်း ထုတ်ကုန်ဆိုင်ရာ သတ်မှတ်ချက်များနှင့် မညီညွတ်သည့် စိုက်ပျိုးရေးသုံး ပစ္စည်းများကို ဖြန့်ဖြူး ရောင်းချပါက အရေးယူတော့မည် ဖြစ်ကြောင်း ပြည်နယ်အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ဒေသတွင်း အရောင်းဆိုင်ပိုင်ရှင်များကို ခေါ်ယူ သတိပေးထားပြီးဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ အရောင်းဆိုင်ရှင်များကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့က စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ခေါ်ယူ ညှိနှိုင်းဆွေးနွေးထားခြင်းဖြစ်ကြောင်း သိရသည်။
“မြသြေဇာတွေ စစ်ဆေးတဲ့ အခါမှာ ညွန်ကြားချက်တွေနဲ့ မပြည့်စုံတဲ့ ဟာတွေ၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲတွေ မပါတာတွေ မြန်မာစာနဲ့ ရေးသားဖော်ပြထားတာတွေ မရှိတာတွေကို ပြည်နယ် အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကနေ ဦးဆောင်ဖြေရှင်းရမယ်လို့ စားသုံးသူရေးရာဥပဒေကနေ ညွန်ကြားထားတာတွေ ရှိတယ်။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အရောင်းဆိုင်တွေကို ခေါ်ယူစစ်ဆေး ဆွေးနွေးတယ်။ တကယ်လို့ ညွန်ကြားထားတဲ့ အချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အရည်အသွေး မပြည့်မီသည့် မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကြောင့် တောင်သူများ နစ်နာမှုမရှိစေရန် ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး သွင်းအားစုများကို တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများရှိသကဲ့သို့ တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချနေသူများလည်း ရှိနေသဖြင့် ဒေသတွင်း အရောင်းဆိုင်များအနဖြေင့် ထုတ်ကုန်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိထားစေရန် ခေါ်ယူဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချသူများ အနဖြေင့် အဆိုပါ ထုတ်ကုန်အား သုံးစွဲပုံနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ညွန်ကြားချက်များကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်း သိရသည်။
သတင်း - နိုနို
 ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~