ရှမ်း - ကယားနယ်စပ် တဝိုက် ဧပြီလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိ၊ လက်ရှိတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

  Photo: KNDF
  Photo: KNDF
ရှမ်း - ကယားနယ်စပ် တဝိုက် ဧပြီလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိ၊ လက်ရှိတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

 ရှမ်း - ကယားနယ်စပ် တဝိုက် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်နှင့် မိုးဗြဲမြို့တို့တွင် ဧပြီလအတွင်း တိုက်များပွဲ၌ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားခဲ့သလို ၎င်းတို့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်မှစ၍ ဧပြီလ(၂၈)ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေပြီး မိုးဗြဲမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီလ (၂၄)ရက်တွင် KA နှင့် ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၀)ဦးနှင့်အထက် သေဆုံးကာ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၂) လက် ၊ MA-4 ၇၉တွဲ (၁)လက်၊ MG-3 (၁)လက်၊ RPG 7 (၁)လက်၊ ၆၀ မမ စိန်ပြောင်း (၁)လက်၊ ဆက်သွယ်ရေးစက် (၂) လုံးနှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း KNDF B 11 မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့ရကြောင်း Karenni Nationalities Defence Force- KNDF က ယနေ့ ဧပြီလ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဧပြီလ (၂၆)ရက်နေ့၏ နံနက်ပိုင်းကလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀)ဦးသေပြီး (၂)ဦးအား အရှင်ဖမ်းမိကာ MA - 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

 

တိုက်ခိုက်မှုကို KA ၊ KNDF B 11 ၊ KNDF B 22 ၊KNDF B 03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊  PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊  KGZ ၊ KRU၊ URF၊ KNDF B 01၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း  - ဧပြီလ၏ နောက်ဆုံးပတ်အတွင်း တိုက်ပွဲများကနေ အထိနေသွားသည့် စစ်ကောင်စီတပ်ထံက သိမ်းဆည်းရရှိထားသည့် လက်နက်ခဲယမ်းများ