ေျပာင္းဖူးအိတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ မူးယစ္ေဆး၀ါးမ်ားကို လြိဳင္လင္တြင္ ဖမ္းဆီးရမိ

ေျပာင္းဖူးအိတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ မူးယစ္ေဆး၀ါးမ်ားကို လြိဳင္လင္တြင္ ဖမ္းဆီးရမိ
ဒီဇင်ဘာ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လိြဳင္လင္ၿမိဳ႕နယ္တြင္ ေျပာင္းဖူးအိတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ ဘိန္းျဖဴ (၁၆၉.၈ဝ၄) ကီလိုႏွင့္ ဘိန္းညိဳမႈန္႔ (၂ဝဝ) ကီလိုကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၂၇)လြိဳင္လင္မွ တပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္သားမ်ားႏွင့္ ပန္ေခါက္ဝိုးလံုၿခံဳေရးရဲကင္းမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၈) ရက္ေန႔ ည (၁၀)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ပန္ေခါက္ဝိုးေက်းရြာအနီး၌ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရွာေဖြေနစဥ္ နမ့္စန္ၿမိဳ႕ဘက္မွ လြိဳင္လင္ၿမိဳ႕ဘက္သို႔ ေျပာင္းဖူးအိတ္မ်ားတင္လာသည့္ ကုန္တင္ယာဥ္ကို စစ္ေဆးရာမွ ဘိန္းျဖဴႏွင့္ ဘိန္းညိဳမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေျပာင္းဖူးအိတ္မ်ားႏွင့္ ေရာေႏွာ၍ သယ္ေဆာင္လာေသာ ဆပ္ျပာခြက္ (၁ဝ,၇ဝဝ) ခြက္ျဖင့္ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ (၁၁၇.၇) ကီလိုႏွင့္ အေလးခ်ိန္ (၅၂.၁ဝ၄) ကီလိုရိွသည့္ ဘိန္းျဖဴ ဘေလာက္တံုး (၁၅၆) တံုး စုစုေပါင္း ဘိန္းျဖဴအေလးခ်ိန္ (၁၆၉.၈ဝ၄) ကီလိုႏွင့္ ဘိန္းညိဳမႈန္႔ (၂ဝဝ) ကီလိုတို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ား သယ္ေဆာင္လာသည့္ မႏၱေလးႏွင့္ ရန္ကုန္မွ ယာဥ္ေမာင္းမ်ားျဖစ္သည့္ အသက္ (၂၂)ႏွစ္္ အရြယ္ လင္းလင္း(ခ)ငယ္ေလးႏွင့္ အသက္ (၃၉)ႏွစ္အရြယ္ ခ်မ္းၿငိမ္းဝင္းတုိ႔ကို လိြဳင္လင္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မူးယစ္ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ပြောင်းဖူးအိတ်များဖြင့် ရောနှောသယ်ဆောင်လာသည့် ဘိန်းဖြူ (၁၆၉.၈ဝ၄) ကီလိုနှင့် ဘိန်းညိုမှုန့် (၂ဝဝ) ကီလိုကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ပန်ခေါက်ဝိုးလုံခြုံရေးရဲကင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ည (၁၀)နာရီ (၄၅)မိနစ်အချိန်တွင် ပန်ခေါက်ဝိုးကျေးရွာအနီး၌ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် နမ့်စန်မြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ ပြောင်းဖူးအိတ်များတင်လာသည့် ကုန်တင်ယာဉ်ကို စစ်ဆေးရာမှ ဘိန်းဖြူနှင့် ဘိန်းညိုများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ပြောင်းဖူးအိတ်များနှင့် ရောနှော၍ သယ်ဆောင်လာသော ဆပ်ပြာခွက် (၁ဝ,၇ဝဝ) ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၁၁၇.၇) ကီလိုနှင့် အလေးချိန် (၅၂.၁ဝ၄) ကီလိုရှိသည့် ဘိန်းဖြူ ဘလောက်တုံး (၁၅၆) တုံး စုစုပေါင်း ဘိန်းဖြူအလေးချိန် (၁၆၉.၈ဝ၄) ကီလိုနှင့် ဘိန်းညိုမှုန့် (၂ဝဝ) ကီလိုတို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ သယ်ဆောင်လာသည့် မန္တလေးနှင့် ရန်ကုန်မှ ယာဉ်မောင်းများဖြစ်သည့် အသက် (၂၂)နှစ် အရွယ် လင်းလင်း(ခ)ငယ်လေးနှင့် အသက် (၃၉)နှစ်အရွယ် ချမ်းငြိမ်းဝင်းတို့ကို လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒဖြေင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မူးယစ်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~