ရွမ္းျပည္နယ္ လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား အသင္း မိတ္ဆက္ပြဲ လားရိႈးတြင္ က်င္းပ

ရွမ္းျပည္နယ္ လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား အသင္း မိတ္ဆက္ပြဲ လားရိႈးတြင္ က်င္းပ
ဇူလိုင် 16, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ရွမ္းျပည္နယ္လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း မိတ္ဆက္ပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၆) ရက္ေန႔တြင္ က်င္းပရာ လူဦးေရ (၂၀၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

“ အဓိက ကေတာ့ ရွမ္းျပည္နယ္က လူငယ္ေတြအတြက္ ဒီလိုအသင္း ရွိတယ္ဆိုတာကို သိေစခ်င္တာက ပထမအခ်က္ပါ။ လူငယ္ေတြရဲ့ အခြင့္အလမ္းေတြကို ေျပာျပရွင္းလင္းၿပီး လူငယ္ေတြက ဒီအသင္းကို ဘာျဖစ္လို႔ ပါဝင္သင့္တယ္ဆိုတာကို ေျပာျပ ေဆြးေႏြးတာျဖစ္ပါတယ္။ တစ္ခ်ိဳ႕လူငယ္ေတြမွာ လုပ္ငန္းလုပ္ဖို႔ အရည္အခ်င္း ရွိတယ္။ အလုပ္အေၾကာင္းကို ေသေသခ်ာခ်ာ မသိတဲ့အတြက္ ရည္ရြယ္ခ်က္ ေပ်ာက္ေနတာမ်ိဳး မျဖစ္ေစဖို႔ သိသင့္ သိထိုက္တာေတြကို သင္ျပ ေဆြးေႏြးေပးတာျဖစ္ပါတယ္ ” ဟု ရွမ္းျပည္နယ္ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္း  ျပည္သူ႔ဆက္ဆံေရးေကာ္မတီ ဥကၠဌ ဦးေဇာ္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ လူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္းတြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ ေတာင္ပိုင္း ႏွင့္ ေျမာက္ပိုင္းတို႔မွ လူငယ္လုပ္ငန္းရွင္မ်ား ပါဝင္ေၾကာင္း သိရၿပီး မိတ္ဆက္ပြဲအခမ္းအနားသို႔  အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ လားရိႈးၿမိဳ႕ရွိ လူငယ္စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ စြန္႔ဦးတီထြင္ လုပ္ငန္းကို စိတ္ဝင္စားသည့္ လူငယ္မ်ား တက္ေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ UMFCCI ၏ ဦးေဆာင္ လမ္းညႊန္မႈျဖင့္ ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအဖြဲ႔ MYEG ကို ၂၀၀၉ ခုႏွစ္တြင္ စတင္ ဖြဲ႔စည္းခဲ့ၿပီး ၂၀၁၂ ခုႏွစ္တြင္ ျမန္မာႏိုင္ငံလူငယ္စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း MYEA အျဖစ္ အမိ်ဳးသား စီမံကိန္းႏွင့္ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈဝန္ႀကီးဌာနတြင္ တရားဝင္မွတ္ပံုတင္၍ တည္ေထာင္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း မိတ်ဆက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျင်းပရာ လူဦးရေ (၂၀၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

“ အဓိက ကတော့ ရှမ်းပြည်နယ်က လူငယ်တွေအတွက် ဒီလိုအသင်း ရှိတယ်ဆိုတာကို သိစေချင်တာက ပထမအချက်ပါ။ လူငယ်တွေရဲ့ အခွင့်အလမ်းတွေကို ပြောပြရှင်းလင်းပြီး လူငယ်တွေက ဒီအသင်းကို ဘာဖြစ်လို့ ပါဝင်သင့်တယ်ဆိုတာကို ပြောပြ ဆွေးနွေးတာဖြစ်ပါတယ်။ တစ်ချို့လူငယ်တွေမှာ လုပ်ငန်းလုပ်ဖို့ အရည်အချင်း ရှိတယ်။ အလုပ်အကြောင်းကို သေသေချာချာ မသိတဲ့အတွက် ရည်ရွယ်ချက် ပျောက်နေတာမျိုး မဖြစ်စေဖို့ သိသင့် သိထိုက်တာတွေကို သင်ပြ ဆွေးနွေးပေးတာဖြစ်ပါတယ် ” ဟု ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဌ ဦးဇော်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ပိုင်းတို့မှ လူငယ်လုပ်ငန်းရှင်များ ပါဝင်ကြောင်း သိရပြီး မိတ်ဆက်ပွဲအခမ်းအနားသို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လားရှိုးမြို့ရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းကို စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ MYEG ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း MYEA အဖြစ် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်၍ တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~