လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၄၅)ဦး လွတ်မြောက်

လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၄၅)ဦး လွတ်မြောက်
အောက်တိုဘာ 19, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးအကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအနက် (၃၄) ဦး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထပ်မံလွတ်လာသဖြင့် နှစ်ရက်အတွင်းလွတ်လာသူ (၄၅) ဦး ရှိပြီဖြစ်သည်။

လားရှိုးအကျဉ်းထောင်မှ အောက်တိုဘာလ (၁၈) ရက်နေ့က (၁၁)ဦး လွှတ်ပေးပြီး အောက်တိုဘာလ (၁၉) ရက်နေ့တွင် (၃၄) ဦးကို လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့မှ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရသူများဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က အမှုဖွင့်ဖမ်းဆီးခံထားရသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာပြီး လွှတ်ပေးနေခြင်းဖြစ်သော်လည်း အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူ အများအပြားကျန်ရှိနေဆဲဖြစ်သည်။