လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ သတင္းအရရွာေဖြသည့္ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ သတင္းအရရွာေဖြသည့္ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
မေ 15, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္၊ ႏြားလဝိုးေက်းရြာအုပ္စု၊ ကယန္းသာယာ(ေတာင္) ေက်းရြာတြင္  မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြသည့္ေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္ေထာင္ေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

 မူးယစ္တပ္ဖြဲ႕စု(၂၀)လြိဳင္ေကာ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ေမ (၁၄) ရက္ေန႔ ညေန (၅) နာရီအခ်ိန္တြင္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ႏြားလဝိုးေက်း႐ြာအုပ္စု၊ ကယန္းသာယာ(ေတာင္) ေက်း႐ြာေန မဂ်ိဳဝါးနာ(ခ)အမိုး၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္မီးဖိုေဆာင္ရွိ ဝါးပလိုင္းအတြင္း ပလတ္စ တစ္ကပ္ခြာအိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ဂ်ိဳဝါးနာ (ခ) အမိုးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အေရးယူေဆာင္ရြက္လွ်က္႐ွိေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့နယ်တွင် သတင်းအရရှာဖွေသည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
********
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းသာယာ(တောင်) ကျေးရွာတွင်  မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေသည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား တစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မေ (၁၄) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းသာယာ(တောင်) ကျေးရွာနေ မဂျိုဝါးနာ(ခ)အမိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုဆောင်ရှိ ဝါးပလိုင်းအတွင်း ပလတ်စ တစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဂျိုဝါးနာ (ခ) အမိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ လွိုင်ကော်မြို့မရဲစခန်းတွင် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~