ကရင်နီပြည်နယ် သာယပ်ကျေးရွာတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KDF ရဲဘော်၏ ဈာပန

Photo: KDF
Photo: KDF
ကရင်နီပြည်နယ် သာယပ်ကျေးရွာတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KDF ရဲဘော်၏ ဈာပန
ဖေဖော်ဝါရီ 28, 2022 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ နမ့်မယ်ခုံမြို့နယ်၊ သာယပ်ကျေးရွာတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် KDF ရဲဘော် စောဒေးဗစ်ထူး(ခ)လောအယ်၏ ဈာပနကို KDF က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ KNDF၊ Loikaw Pdf ၊ DMO PDF မဟာမိတ်တပ်ပေါင်းစုတို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း KDF  မှ ရဲဘော် စောဒေးဗစ်ထူး (ခ) လောအယ် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်ဘက်မှ (၂၀) ကျော်သေပြီး KDF မှ ရဲဘော် (၁)  ဦးကျဆုံးကာ (၃) ဦးမစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု KDF ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

အာဏာသိမ်းစစ်တပ်သည် မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများအတွင်း အကျအဆုံးများပါက လေကြောင်းအကူအညီဖြင့် တိုက်ခိုက်မှုများလုပ်လေ့ရှိသည်ကို တွေ့နေရပြီး ကရင်နီပြည်နယ်တွင်းကို လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့ရသည်။

စစ်တပ်က ယမန်နှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုကို အကြမ်းဖက်နှိမ်နှင်းပြီး ဥပဒေမဲ့ဖိနှိပ်မှုများကြောင့် ပြည်သူ့ခုခံတွန်းလှစ်စစ်ဖြင့် တော်လှန်နေကြခြင်းဖြစ်သည်။