မြန်မာ - ထိုင်းနယ်စပ် BP13 နယ်စပ်ကုန်ရေးစခန်းမှ အခွန်ငွေ ကျပ်သန်းပေါင်း (၅၉)သန်း ကောက်ခံရရှိ

မြန်မာ - ထိုင်းနယ်စပ် BP13 နယ်စပ်ကုန်ရေးစခန်းမှ အခွန်ငွေ ကျပ်သန်းပေါင်း (၅၉)သန်း ကောက်ခံရရှိ
ဇွန် 14, 2020
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် BP13 နယ်စပ်ကုန်ရေးစခန်းမှ အခွန်ငွေ ကျပ်သန်းပေါင်း (၅၉)သန်း ကောက်ခံရရှိ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ BP 13 မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၉ ခုနှစ်အတွင်း အခွန်ငွေ (၅၉)သန်း ကောက်ခံရရှိ‌ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက တင်သွင်းရာ မယ်စဲ့မြို့နယ် BP 13 မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ အခွန်ရရှိမှုအခြေအနေကို ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

မယ်စဲ့မြို့ BP 13နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အခွန်ငွေ ကောက်ခံခဲ့ရာတွင် အကောက်ခွန် (၃၀.၅၉) သန်းနှင့် ကုန်သွယ်ခွန် (၂၈.၄၁)သန်း စုစုပေါင်းအခွန်ငွေ (၅၉)သန်း ကောက်ခံရရှိခဲ့ကြောင်းသိရသည်။

ကယားပြည်နယ် ၊မယ်စဲ့မြို့ BP 13 နယ်စပ်ကုန်သွယ်ရေးစခန်းအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် မတ်လအတွင်းကစ၍ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့ BP 13 နယ်စပ်ကုန်သွယ်ရေးစခန်း မှ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သည့် ကြက်သွန်ဖြူ ၊ကြက်သွန်နီ ၊ငရုတ်သီး ၊ ပဲမျိုးစုံနှင့် ပြောင်းများတင်ပို့ပြီး ထိုင်းနိုင်ငံမှ ကော်ဖီမစ် ၊ အချိုရည်အမျိုးမျိုး ၊ အချိုမှုန့် နှင့် ဓာတ်မြေသြဇာများအား  ပြန်လည်တင်သွင်းကြောင်းသိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~