နမ့်ဆန်ရဲစခန်းအတွင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို TNLAထုတ်ပြန် 

နမ့်ဆန်ရဲစခန်းအတွင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို TNLAထုတ်ပြန် 
ဒီဇင်ဘာ 12, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီ၏ ရဲစခန်းကို ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား ယနေ့ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အဆိုပါတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ ပစ္စတို(၃)လက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ် မန်တုံ(၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်းသို့ Y12 လေယာဥ်ဖြင့် လက်ရှိအချိန်ထိ ဗုံး(၂)ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News