မင်္ဂလာဒုံမြို့နယ်တွင် စစ်အုပ်စုထုတ် မြန်မာဘီယာအပြည့်တင်လာသည့် တွဲကားတိမ်းမှောက်ကာ လမ်းပိတ်နေ

မင်္ဂလာဒုံမြို့နယ်တွင် စစ်အုပ်စုထုတ် မြန်မာဘီယာအပြည့်တင်လာသည့် တွဲကားတိမ်းမှောက်ကာ လမ်းပိတ်နေ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဒညင်းကုန်းမီးပွိုင့်နှင့် ခရေပင်လမ်းဆုံးကြား ဓာတ်ဆီဆိုင်အနီးတွင် စစ်အုပ်စုထုတ် မြန်မာဘီယာများ တင်ဆောင်လာသည့် ပေ(၄၀)တွဲကားတစ်စီး ယနေ့ဩဂုတ်လ(၁၄)ရက်နေ့ ညနေပိုင်းတွင် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ပေ(၄၀)တွဲကားတစ်စီးဖြင့် အပြည့်တင်ဆောင်လာသည့် စစ်အုပ်စုထုတ် မြန်မာဘီယာများ ကားလမ်းမပေါ် ပြန့်ကျဲနေခဲ့ပြီး စစ်ကောင်စီတပ်သားများက လမ်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအဖွဲ့များက စစ်တပ်ထုတ်ကုန် မြန်မာဘီယာ(Myanmar Beer)၊ အက်(ထ)မန် တံဆိပ် (Andaman Gold)အရက်၊ ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည်၊ ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout)၊ မန္တလေးဘီယာ၊ ရမ် (Mandalay)၊ အာမီရမ် (Army Rum)၊ Red Ruby စီးကရက်နှင့် Premium Gold စီးကရက်တို့ကို သပိတ်မှောက်ကြရတန် နှိုးဆော်ထားသည်။ 

၎င်းထုတ်ကုန်များမှ ရရှိသည့်ဝင်ငွေများဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူလူထုကို အကြောင်းမျိုးမျိုးပြ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်‌နေသည့်အပြင် ပြည်သူ‌များ၏ အိုးအိမ်စည်းစိမ်များကိုပါ လုယက်ဖျက်ဆီးအကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့ များက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : CJ