စစ်တွေမြို့  ဘာဆာကျေးရွာအနီးရှိ ကမ်းခြေသောင်ပြင်တွင် ရိုဟင်ဂျာအလောင်း ၉ လောင်းတွေ့

စစ်တွေမြို့  ဘာဆာကျေးရွာအနီးရှိ ကမ်းခြေသောင်ပြင်တွင် ရိုဟင်ဂျာအလောင်း ၉ လောင်းတွေ့

စစ်တွေမြို့  ဘာဆာကျေးရွာအနီးရှိ ကမ်းခြေသောင်ပြင်တွင် ရိုဟင်ဂျာအလောင်း ၉ လောင်းတွေ့

* * * * *

ရခိုင်ပြည်နယ် စစ်တွေမြို့  ဘာဆာကျေးရွာအနီးရှိ ကမ်းခြေသောင်ပြင်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့တွင် သေဆုံးနေသည့် ရိုဟင်ဂျာအလောင်း(၉)လောင်းကို တွေ့ ခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။

စစ်တွေမြို့ ၊ ဗေဒါအုပ်စုနှင့် ဘာဆာရွာအရှေ့ဘက်ကမ်းခြေ သဲသောင်ပြင်တို့တွင် ယနေ့ နံနက်ပိုင်းက လူသေအလောင်း (၉)လောင်းတွေ့ရှိခဲ့သဖြင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီကယ်ဆယ်ရေးအသင်း)မှ နာ/ကူယာဥ်ဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ယမန်နေ့ ညနေပိုင်းတွင်လည်း ဗေဒါအုပ်စုကမ်းခြေ သဲသောင်ပြင်တွင် ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့သဖြင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီကယ် ဆယ်ရေးအသင်း)မှ နာ/ကူယာဥ်ဖြင့် စစ်တွေပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရသေး ကြောင်း သိရသည်။

ရိုဟင်ဂျာ(၅၅)ဦးပါသည့် စက်လှေသည် ဩဂုတ်လ(၇)ရက်နေ့က စစ်တွေမြို့နယ် ဘာဆာကျေးရွာအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး (၁၅)ဦးဖြစ်သည့် အမျိုးသားက(၇)ဦးနှင့် အမျိုးသမီးက(၈)ဦး အလောင်းများကို ပြန်လည်ရှာတွေ့ထားပြီဖြစ်ကြောင်း သိရသည်။

စက်လှေတိမ်းမှောက်စဉ်က အသက်ရှင်သူ(၈)ဦးရှိပြီး ၎င်းတို့ကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် စစ်ဆေးမေးမြန်းနေကာ ၎င်းတို့သည် ပွဲစားများအား ငွေကျပ်သိန်း(၁၀၀)ကျော်ပေး၍ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန်သွားရာ စစ်တွေပင်လယ်ပြင်၌ စက်လှေတိမ်းမှောက် နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်။

#TachileikNewsAgency

Photo :ရွှေရောင်မေတ္တာဖောင်ဒေးရှင်း