မန္တလေးတိုင်းအတွင်းမှ UG အဖွဲ့ဝင် (၄)ဦး  အဆက်သွယ်ပြတ်ပြီး ပျောက်နေ၍ ပတ်သက်ဆက်နွယ်သူများ သတိထားရှောင်ရှားကြရန် အရေးပေါ် သတင်းထုတ်ပြန်

မန္တလေးတိုင်းအတွင်းမှ UG အဖွဲ့ဝင် (၄)ဦး  အဆက်သွယ်ပြတ်ပြီး ပျောက်နေ၍ ပတ်သက်ဆက်နွယ်သူများ သတိထားရှောင်ရှားကြရန် အရေးပေါ် သတင်းထုတ်ပြန်
သြဂုတ် 17, 2022 | အခြားဒေသများ

 မန္တလေးတိုင်းရှိ UG အဖွဲ့ဝင် (၄)ဦး လက်နက်နှင့်အတူ ပျောက်ဆုံးကာ အဆက်အသွယ်မရ ဖြစ်နေ၍ ၎င်းတိုနှင့်ဆက်နွယ်သူများ သတိ ထားရှောင်ကြရန် သက်ဆိုင်သည့် UG အဖွဲ့များက ယနေ့ဩဂုတ် လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

နိုင်ငံရေး အကျဉ်းသားများကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့များဖြစ်သည့် Freeland Attack Force(FLA)၊ Anonymous Force Mandalay (AFM)နှင့် Emerald Grills Army(EGA)တပ်ပေါင်းစု FEA အဖွဲ့မှ ရဲဘော်မန်းမိုးကြိုး(ခ) ကျော်လင်း(ခ)ကျော်လေးအား ဩဂုတ်လ ၄ ရက်က FEA အဖွဲ့နှင့် ဒို့ညီနောင် Local PDF ဝက်လက်အဖွဲ့အတွက် လက်နက်ဝယ်ရန်စေလွှတ်ခဲ့ကြောင်း သိရသည်။

စေလွှတ်ခဲ့ပြီး  ကြားရက်များ၌ အဆက်အသွယ်ရရှိခဲ့ကာ ဩဂုတ်လ(၁၅)ရက်တွင် မန္တလေးသို့  ပြန်လာပြီဟု အကြောင်းကြားလာခဲ့ပြီးသော်လည်း ဩဂုတ်လ (၁၆)ရက်နေ့  ညနေ (၃)နာရီမှစပြီး မန်းမိုးကြိုးအပါအဝင် အဖွဲ့ဝင် (၄)ဦး လက်နက်များနှင့်အတူ အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

လက်ရှိတွင် Under Control အခြေအနေသတ်မှတ်ထားပြီး စုံစမ်းနေသည့်အတွက် ၎င်းတို့နှင့် ဆက်နွယ်သူများ သတိထားရှောင်ရှားကြရန် သတိပေးထားသည်။