မော်လိုက်ရှိ စစ်ကောင်စီတပ်စခန်းကို PDFတပ်များ သိမ်းပိုက်

မော်လိုက်ရှိ စစ်ကောင်စီတပ်စခန်းကို PDFတပ်များ သိမ်းပိုက်

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်အင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခမရ(၃၆၅)၊ ခမရ (၃၆၆)၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်းအခြေချ တပ်စွဲထားသော စခန်းကုန်းအား တိုက်ခိုက်သိမ်း ပိုက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ် ဇွန်လ (၃၀)ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း (၂)၊ တပ်ရင်းမှူး ဦးစီးသော ပြည်သူ့ကာကွယ်ရေးတပ်က မော်လိုက်မြို့နယ်၊ တောင်အင်းကျေးရွာအနီးတွင် တပ်စွဲထားသော ၎င်းစစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲဖြစ်ပွားသည့်နေရာသို့ စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်၊ ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်ဖြင့် (၁) ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး (၁)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် ၎င်းစခန်းအတွင်းမှ MA-7 ၆၀ မမ စိန်ပြောင်းအရှည် (၁)လက်၊  BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MA-10 RPG (၁) လက်၊ MA 1 (၁)လက်၊ MA 2 (၁)လက်၊ BA-64 (၁)လက်၊ 30 M1 ကာဘိုင် (၁)လက်၊ 30 M1 ကာဘိုင်ကျည် (၂၇)တောင့်၊ ၅.၅၆ ကျည် (၅၁၂)တောင့်၊ ၇.၆၂ ကျည် (၃၀၈)တောင့်၊ ၅.၅၆ MA ကျည်အိမ် (၁၂)ခု၊ ၇.၆၂ BA-64 ကျည်အိမ် (၂)ခု၊ 30 M1 ကာဘိုင်ကျည်အိမ် (၁)ခု၊ BA 109 လက်ပစ်ဗုံးသီး (၁၅)လုံး၊ MM-5 ရှေ့ထွက်မိုင်း (၂)လုံး၊ M-14 နင်းမိုင်း (၁၅)လုံး၊  MM-3 တိုက်မိုင်း (၃၄)လုံး၊ တိုက်မိုင်းကြိုး (၂၇)ခု၊ Detonator (၂၁)ခု၊ ၆၀  မမ ပို့ယမ်း (၉၀)ခု၊ RPG ဗုံးသီး (၂၀)လုံး၊ RPG ပို့ကျည် (၁၈)ခု၊ အဝေးကြည့်မှန်ပြောင်း (၁)ခု၊ Jammer (၁)ခု၊ယူနီဖောင်း (၁၈)ထည်၊ ဦးထုပ် (၆)လုံး၊ ကျောပိုးအိတ် (၇)လုံး၊ ကျည်ကာ (၂)ခု၊ ခါးပတ်ကြိုး (၄)ခု၊ ဓါးရှည် (၇)ချောင်း နှင့် အထိုင်ဖုန်း (၂) လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence-NUG