ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် နယ်ထိန်းရဲတစ်ဦးအား PDF များက ဖမ်းဆီးရမိ

ပဲခူးတိုင်း ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ဆေးရေးများလုပ်ဆောင်စဉ် စစ်ကောင်စီတပ် လက်အောက်ခံ နယ်ထိန်းရဲတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၁)ရက်နေ့တွင် Royal Peacock Column က သတင်းထုတ်ပြန်သည်။

အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်သော Royal Peacock Column၊ Spring Warriors Column၊ ၃၇၀၂ တပ်ရင်းများမှ ၄င်းတို့၏ သတင်းပေးများ၏ သတင်းပေးချက်အရ အဆိုပါ နယ်ထိန်းအား ယင်းလမ်းပိုင်းမှစောင့်၍ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနယ်ထိန်းရဲအမည်မှာ အောင်ကိုကိုနိုင်ဖြစ်ပြီး မဒေါက်ရဲစခန်းတွင် တာဝန်ကျနေသော ရဲတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်ထိန်းရဲ၏ထွက်ဆိုချက်များ၊ လက်ကိုင်မိုဘိုင်းဖုန်းထဲရှိ အချက်အလက်များအရ ပြည်သူအား ခြိမ်းခြောက်၍ သတင်းပေးများ လုပ်ခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား ထောင်ချောက်ဆင် ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စီစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : Royal Peacock Column